Saturday, April 10, 2010

ကဗျာတွေထဲ တိမ်တွေ သေနေတယ်

. " အလွမ်း " . . ဒီဘာသာဗေဒမှာ ငါ စာမတတ်ချင်ပဲ တတ်ခဲ့ရသူ မဖတ်ချင်ပဲ ဖတ်ခဲ့ရသူ . . . . . အသည်းမကွဲဘူး . . မကြေကွဲသေးဘူး . . ရင်ဘတ်ကြီး နည်းနည်းတော့ ပွင့်ထွတ်နေတယ် . . . . . အမှောင်ရာသီရဲ့ ထောင့်စွန်းက အရောင်မွဲနေတဲ့ ကြယ်တစ်လုံး မင်းနက္ခတ်အောက်မှာ တောက်ပနေတယ် ပြိုးပြက်တဲ့ အရောင်တွေ ပြန်မှိန်သွားမှာ ငါ့ရာဇ၀င်တွေ မကြောက်ရွံ့ခဲ့ဘူး အပျင်းပြေ ကစားပြီး ချန်ထားခံရမှာ ငါဝိဥာဉ်တွေ ကြောက်ရွံ့နေတယ် အမှောင်တွေ ငိုတဲ့ ညတွေမှာ ငါ့ကို ပြန်မထားခဲ့ပါနဲ့ . . . . . ငါပိုင်ခဲ့ဖူးတဲ့ တနင်္ဂနွေ သတို့သမီး ပထမမြောက် ရဲရင့်ခြင်းတွေနဲ့ ငါ့နှလုံးအိမ်ထဲ မင်းကို ဆွဲထည့် သိမ်းဝှက်ထားခဲ့ဖူးတယ် ဗီးနပ်ရဲ့ နက္ခတ်တွေ အကြိမ်ကြိမ်ပွင့် ကြယ်စုံခတဲ့ ညတွေမှာ ပထမမြောက် ကြေကွဲခြင်းနဲ့ ငါ့ကောင်းကင်မှာ တိမ်တွေ မသေပါရစေနဲ့ . . . . . ငှက်တစ်ကောင် အတောင်ပံခတ်တာတောင် ငါ့ရင်မှာ ကကွက်ဆန်ဆန် . . မင်းမရှိတဲ့ မနက်ဖြန်တွေမှာ ငါ့ကဗျာတွေထဲ တိမ်တွေ သေတာ ဆန်းသလားကွာ . . . . .

5 comments:

ဇော် said...

ငါ့ကောင်းကင်မှာ တိမ်တွေမသေပါရစေနဲ့ တဲ့ ..
လှလိုက်တာဗျာ ..

နေ၀သန် said...

ကောင်းလိုက်တဲ့ စကားလုံး...

ဒဏ္ဍာရီ said...

မောင်လေးရေ.... ဘလော့်လေးပေါ်က ကဗျာလေးတွေလည်း ကောင်းတယ်.။ ပေးထားတဲ့ နာမည်လေးကလည်း အားမာန်တွေ ပါနေတယ်။
အစစ အရာရာ အောင်မြင်နိုင်ပါစေ..

နှစ်ဟောင်းက အရာတွေအားလုံး အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်နှလုံး အေးချမ်းပြီး သာယာချမ်းမြေ့နိုင်ပါစေနော်..။

ခင်မင်လျှက်
မမနွယ်

ရွှေပြည်သူ (ShwePyiThu) said...

“မင်းမရှိတဲ့ မနက်ဖြန်တွေမှာ
ငါ့ကဗျာတွေထဲ
တိမ်တွေ သေတာ ဆန်းသလားကွာ . . . . . ” ဆိုတဲ့ အဆုံးသတ်လေး သိပ်လှတာပဲ...။

နာမည်အသစ်ကလည်း ဒဏ္ဍာရီပြောသွားသလိုပဲ အားမာန်တွေပါတယ်။

Anonymous said...

အပိုအလိုမရှိခံစားရပါတယ်

လူကြည့်အများဆုံး စာတိုပေစများ