Saturday, April 10, 2010
ဗလာကျင်း အခန်း
.
ဗလာကျင်း အခန်းတစ်ခန်း
ကောင်းကင်မရှိ . . .
မြေကြီးမရှိ . . .
ဆေးရောင်တွေ ကွက်တိကွက်ကြား
ဝမ်းမနည်းဘူး မိတ်ဆွေ . . .
ဘ၀က တွင်းနက်တွေနဲ့
ဒီလိုပဲ အရောင်တွေ သုတ်ခံရတယ် . . . . . . . . . .
လောဘ လောင်မြိုက်နေတဲ့ လောကမှာ
ငွေဝယ်ကျွန်တစ်ကောင်လို
အတ္တကို ထမ်းပိုးလုပ်
ကျောပေါက်မတတ်
ရုန်းတယ် . . .
ရုန်းတယ် . . .
လူတွေက လူတွေကို မျိုနေ
မုသားတွေက နေရာတိုင်းမှာ
မှင်သေသေနဲ့ . . . . . . . . . .
ပုပ်သိုးနေတဲ့ စိတ်နေစိတ်ထား
သစ်စီးသုတ်ပြီး ရွေချကြည့်တယ်
အနံ့က အော့အန်ချင်တုန်းပဲ . . .
အသက်က အစိတ်သား
ချိန်ခွင်လျှာက ခုထိ ဘေးမထွတ်သေးဘူး . . . . . . . . . . .
ဒုက္ခကို ငယ်ပေါင်းကြီးဖေါ်လို
ပုခုံးဖက်ပေါင်း အနှိမ်ခံရတာတွေက
ခပ်ဖန်ဖန် ကျစိမ့်တစ်ခွက်လို
ရိုးအီနေခဲ့ပြီး . . . . . . . . .
၁၅၀၀ . . . .
အချစ်တော့ မဟုတ်ဘူး
ငါ့ နေ့တွက် လုပ်ခ
ဝမ်းတစ်ထွာ ပြည့်ဖို့
ငပိရည်နဲ့ ထမင်းတော့ နပ်မှန်တယ် . . . . . . . . . .
ကဲ . . . ဘော်ဒါကြီး ဒုက္ခ
ဒီမနက်လည်း အတူတူ အလုပ်ဆင်းကြတာပေါ့ကွာ . . . . .
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
1 comment:
လူတွေက လူတွေကို မျိုနေ
မုသားတွေက နေရာတိုင်းမှာ
မှင်သေသေနဲ့ . . . . . . . . . .
ကိုယ့်မျက်နှာကို ကိုယ်မှန်ထဲ
ပြန်မြင်ကြည့်လိုက်ရင်တောင်
ကိုယ့်ကိုယ်ကို သိပ်မမှတ်မိချင်ဖူး....
:S
ရုန်းရတုန်းပဲ
Post a Comment