Saturday, April 10, 2010

အရိုင်းဆန် ည

. ရက်စက်တော့မယ် မုဆိုးတစ်ဦးရဲ့ တည်ငြိမ်ခြင်းနဲ့ ညတစ်ညက အစပျိုးတယ် လမိုက်က မသိမသာ မျက်ကွယ်ပြုလို့ လှိုင်းလုံးတွေက မာန်နတ်ယောင်ဆောင် သေခြင်းတရားနဲ့ ဌက်ဆိုးထိုးသံကြား တို့အသက်တွေ တစ်စစီ ဖဲ့ခြွေခံလိုက်ရတယ် . . . . . . . . . . ကြောက်ခမန်းလိလိ ပင်လယ်အော်သံအောက် တမင်းလုံးတစ္စေ အခြောက်ခံလိုက်ရတဲ့ ဘ၀တွေ . . . ဘ၀တွေ . . . ကူညီရာမဲ့ ရေပြင်အထက်အောက် တစ်စစီ ပြန့် ကျဲ ကြေ မွ ပျက်စီးလို့ . . . . . . . . . . . အဖေ့လက်ကို ဆွဲမလား . . . အမေ့လက်ကို ဆုပ်ကိုင်မလား . . . အားကိုးရာမဲ့ လူမမယ်လေးတွေရဲ့ ငိုညည်းသံတွေ ဘယ်သူကူညီမလဲ . . . ဘယ်သူ လက်ကမ်းမလဲ . . . ကြေကွဲစွာနဲ့ ပေးဆပ်ခဲ့ရပြီးပဲ . . . . . . . . . သားငယ် ဘယ်မှာလဲ . . . သမီးငယ် ဘယ်ရောက်နေလဲ . . . အမိအဖ တို့ရဲ့ ပူဆွေးလောင်မြိုက်တဲ့ မျက်ရည်တွေ . . . မျက်ရည်တွေ . . . မျက်ရည်တွေ အောက်က နှလုံးသားတွေ ကွဲကြေအက်လို့ နာနာကျင်ကျင်ကမ်းမှာ ပေးဆပ်ခဲ့ရပြီးပဲ . . . . . . . . . . မဟူရာ ညပြင်က အမှောင်ကို ဆွဲချုံ တို့တွေက သေမင်းနဲ့ စစ်ခင်း ဒီရေပြင်ကို တို့ကျော်နိုင်ပါ့မလား . . . စိတ်ဓာတ်တွေ တဘုံးဘုံးကျရှုံး မရှိစလောက် အင်အားလေးတွေနဲ့ နောက်ဆုံးထွတ်သက်အထိ တိုက်ပွဲ ၀င်ခဲ့သူတွေ ဧရာဝတီကမ်းမှာ ခန္တာတွေ သောင်တင်လို့ . . . . . . . . . . လောကဓံက ရက်စက်တာလား . . . ကံကြမ္မာက ကြည်စယ်တာလား . . . လူ့အသက်ပေါင်း သုံးသိန်းကျော် မုန်တိုင်းရဲ့ အရိုင်းဆန်တဲ့ က ကွက်မှာမျှောလို့ သေမင်းကို ဒူးထောက်ခဲ့ရတာ သင်္ခါရတရားတဲ့လား . . . . . . . . . . ဆုံးရှုံးခဲ့တဲ့ အိမ်မက်တွေ . . . လွင့်ပျောက်ခဲ့တဲ့ ရည်မှန်းချက်တွေ . . . ကျရှုံးခဲ့တဲ့ စိတ်ဓာတ်တွေ . . . ကြေမွနေတဲ့ အနာဂတ်တွေ . . . တုန်လှုပ်ခြောက်ခြားနေတဲ့ ဘ၀တွေကို ငါတို့ မေတ္တာတရားနဲ့ အေးမြစေလို့ အရိုင်းဆန်တဲ့ မုန်တိုင်းရေ . . . မင်းခြေမွခဲ့တဲ့ ဗလာကျင်း ဘ၀တွေ အတွက် ငါတို့ ကရုဏာလက်တွေ ဖေးကူ မျှော်လင့်ချက်အိမ်မက်တွေကို ကောင်းကင်ပေါ် ဆွဲတင်လို့ ရည်မှန်းချက်အလင်းရောင်တွေ သူတို့ ရင်ဘတ်ထဲ ငါတို့ ထည့်ပေးနိုင်ခဲ့ပြီး . . . . . . . . . . .

2 comments:

ညလင်းအိမ် said...

ဖတ်လိုက်ရတာ စိတ်မကောင်းဘူး ...

အရိုင်းဆန်တဲ့ညတွေကို သူတို့တွေ ကျော်ဖြတ်နိုင်ကြပါစေ ...

သဒ္ဓါလှိုင်း said...

ဒီလိုနဲ့ တစ္ဆေတကောင်ရဲ့ရိုက်ခတ်မှု.. အတ္တဆန်တဲ့လူမဆန်တဲ့သူတွေရဲ့ လုပ်ရပ်တွေကြောင့်
တို့အားလုံးသုံးသိန်းကျော်အသက်တွေပေးပစ်
ခဲ့ရပါရောလား...

ခင်တဲ့
မဒါ

လူကြည့်အများဆုံး စာတိုပေစများ