Tuesday, June 8, 2010
လှေတစ်စင်း . . . ခရီးတစ်ခု . . . လူသားနှစ်ဦး
.
ရင် . . . ရင် ဘတ် ကြီး နဲ့ ပွေ့ထားရတယ် . . . ဖိတ် လျှံ လွင့် ထွတ် . . .ဖွာကနဲ အလွမ်းတွေ ငါ့ကိုယ်ပေါ်မှာ မှောက်ရက်လဲကျတယ် . . . ကိုယ်တိုင်လဲ သူတို့ပေါ် ခြေခေါက်လဲလို့ . . . ။
မမြင်ဖူးပဲ ရူးခဲ့တယ် . . . ဟုတ်တယ် . . . ငါကိုယ်တိုင်လည်း ထူးခဲ့တာပဲ . . . ဒုက္ခတွေ ထူထူထဲထဲကြီးနဲ့ကောင် . . . ငါ့ဆီလာဖို့တောင် မင်းအတွက် ဆင်းစရာ လှေကားမရှိဘူး . . . ငါ့ဘ၀က လျှိုလိုနက်တယ် . . .
လှေတစ်စင်း . . . ခရီးတစ်ခု . . . လူသားနှစ်ဦး . . . နံ နှစ်ဖက်ကို တဖက်တချက် နင်းပြီး တစ်ယောက် တစ်ဖက် လှော်နေတယ် . . . တဖက်ခြမ်း . . . တက်ကျိုးသွားတာလား . . . လက်မထိုးနိုင်တော့တာလား . . . . လှုပ်ရှားမှု ကင်းမဲ့ . . . . နောက်တဖက်ခြမ်း . . . . တစ်ယောက်တည်း လှော်နေမှတော့ ဒီနေရာမှာပဲ တ၀ဲလည်လည် . . . . ။ ပန်းတိုင် . . . . . . . . . . . . . .ေ၀၀ါးနေပေမဲ့ မြင်နေရဆဲ . . . . .
မရောက်နိင်ဘူးတဲ့လား . . . ရေဆန်ပေမဲ့ မုန်တိုင်းမထန်သေးဘူး . . . လှိုင်းကြီးနေလို့လား . . . ဖ၀ါးအောက်မှာပါပဲ . . . တက်(စိတ်ဓာတ်) တော့မချိုးပစ်လိုက်နဲ့ . . .
ကျေနပ်နေဆဲပါ . . . ပန်းတိုင် မရောက်သေးပေမဲ့ တက်တွေ ပျောက်ခဲ့လည်း . . . ခရီးတစ်ခု . . . တစ်လှေတည်းမှာမို့ . . . တသက်လုံး ၀ဲလည်နေလည်း ကျေနပ်ဆဲပါပဲ . . . . .
လင်းခေတ်ဒီနို ( 8.6.2010 , 8.30 AM)
.
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
12 comments:
ကဗျာလေးက ပြောချင်တာတွေ ပြည့်စုံနေသလိုပါဘဲ
ကောင်းလိုက်တဲ့ အရေးအတွေးလေးပါ..
ခံစားသွားပါတယ်..
အပေါ်က ကော်မန့်က ပန်းနုနှင်းဆီပါ..
နံမည်မပေါ်လို့ ပြန်ရေးတာပါ..
ကဗျာလေးတွေ သဘောကျလို့ လင့်ချိတ်ထားပါတယ်..
http://pinkyrose.myanmarbloggers.org/
ပန်းတိုင် မရောက်သေးပေမဲ့ တက်တွေ ပျောက်ခဲ့လည်း . . . ခရီးတစ်ခု . . . တစ်လှေတည်းမှာမို့ . . . တသက်လုံး ၀ဲလည်နေလည်း ကျေနပ်ဆဲပါပဲ ...
ကဗျာ နောက်ဆုံးလေး သဘောကျမိသည်။
သာယာချမ်းမြေ့ပါစေနော်
မိုး
နောက်ဆုံးအပိုဒ်ကခံစားချက်နဲ့တူလို့...။ တလှေတည်း
ဆိုရင်ဖြင့်ဘာတွေပဲဖြစ်နေနေကျေနပ်နေမှာပါနော်..။
အားပေးနေပါတယ်။ပျော်ရွှင်ပါစေနော်..။
ခင်တဲ့
သဒ္ဓါ
ဗညားရေ....ခရီးတစ်ခု လူသားနှစ်ဦး တစ်လှေတည်း လှော်နေရင်း တစ်ယောက်က ခွဲထွက်သွားတာထက်စာရင် ပန်းတိုင်မရောက် တက်တွေပျောက်ပြီး ၀ဲလည်နေပေမယ့်လည်း နှစ်ယောက်အတူတူ တစ်လှေတည်းမှာ လှော်ခတ်နေနိုင်သူတွေဘ၀က အများကြီးသာသေးတယ်လို့ ထင်မိပါတယ်....
ဗညားရေ.....
ခံစားချက်လေးကို......ခံစားဖတ်ရှုသွားတယ်......။
(လျှော်ကြေးတော့.... ထီပေါက်မှပဲယူတော့ကွာနော့်......း))
ခင်မင်တဲ့
ဏီလင်းညို
အင်းးး...ကိုဗညားရဲ့ခံစားချက်တွေလာဖတ်သွားတယ်
ကိုယ်ချစ်တဲ့သူရဲ့အနားမှာနေခွင့်ရတာလဲ
မင်္ဂလာတပါးပါဘဲ..ကိုဗညားရေ...
လိုရာ ပန်းတိုင်ကို အမြန်ဆုံးရောက်ပါစေရှင်...
ကွန်မန့်ရေးချင်တာကြာပေါ့..... အကောင့်မ၀င်ပဲနဲ့ ရေးလို့ရအောင် မလုပ်ထားတော့ မရေးရဘူး... အခု ကြုံတုန်း စာတစ်ပုဒ်တင်တုန်း သတိရလို့ လာရေးသည်။... ဒီတစ်ခါ ကဗျာလေးက ရေးပုံတစ်မျိုးလေး....း)))))
ခင်မင်တဲ့
ညီညီထွေး
အဲဒါကိုက ဘ၀လေး တခုပေါ့ ဗညားရ ။
ဘ၀တစ်ခု ကို ဖန်းဆင်းရေးဖွဲ့ ထားတာ လန်းတယ် .. စာလေး ဖတ်လို့ ကောင်းတယ် .. ပေးချင်တဲ့ ရသ ကို ထိမိတယ် ..
“ကျေနပ်နေဆဲပါ . . . ပန်းတိုင် မရောက်သေးပေမဲ့ တက်တွေ ပျောက်ခဲ့လည်း . . . ခရီးတစ်ခု . . . တစ်လှေတည်းမှာမို့ . . . တသက်လုံး ၀ဲလည်နေလည်း ကျေနပ်ဆဲပါပဲ . . . . .”
အဲဒီနေရာလေး တော်တော်လှတယ် မောင်လေး ဗညားရေ... ထိမိတဲ့ ဥပမာလေးပါပဲ...
Post a Comment