Sunday, August 28, 2011

Blog Day အမှတ်တရ

ကျွန်တော် အခု ၂၀၁၁အတွင်းမှာ ကဗျာရေးတာတွေ စာရေးတာတွေ တော်တော်ကျဲလာပါတယ် ။ အလုပ်မအားတော့တာ တစ်ကြောင်း ၊ မရေးတာကြာတော့ လက်တွေ မသွက်တော့တာ စကားလုံးတွေ ထွက်မကျလာတော့တာ တစ်ကြောင်း နောက်ထပ် တခြားအကြောင်းအရင်းတွေ ကြောင့် ကျွန်တော် စာရေး တော်တော်ကို ကျဲခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် ဘလော့ကို လာလည်တဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေကို ကျွန်တော် အရမ်း အားနာမိတယ် ။ အစတုန်းက ကျွန်တော် တစ်ပတ်ကို တစ်ပုဒ်နှုန်းလောက် ကဗျာတွေ ရေးခဲ့ပါတယ် ။ နောက်ပိုင်း ကျွန်တော် ပြည်ပရောက်ပီးတဲ့အခါ အလုပ်မအားတာနဲ့ ကိုယ့်အတွက် နားချိန်နည်းပါးလာတာကြောင့် ကျွန်တော် ဘလော့လေးအတွက် အချိန်ပေးနိုင်မှုကို လျှော့ခဲ့ရပါတယ် ။ ဒီအတွက် ကျွန်တော် ၀မ်းနည်းမိပေမဲ့ ဘ၀ဆိုတာ ဖြတ်ကျော်ဖို့ ကျွန်တော် ဦးစားပေးခဲ့တယ် ။ ဒါပေမဲ့ ကျွန်တော် ဆက်လက်ပြီး ကဗျာတွေ ရေးနေဦးမှာပါ အမြဲ ရေးနိုင်အောင်လည်း ကြိုးစားနေဦးမှာပါ ။ စာရေးကျဲသွားတာလေးကိုတော့ သူငယ်ချင်း ညီအကို မောင်နှမတွေ နားလည် ခွင့်လွှတ်ပေးပါဗျာ ။ ကျွန်တော်ကွန်ပျုတာဆိုတာကို ဆယ်တန်းပြီးခါစ ၂၀၀၀ ခုနှစ်မှာ နယ်ကနေ ရန်ကုန်ပြောင်းလာပြီးမှာ သိကျွမ်းခဲ့တာပါ ။ ရန်ကုန်မှာ KMD တို့လို MCC တို့လို့ ကွန်ပျူတာ သင်တန်းကြီးတွေ ပေါ်နေတာ ကြာပြီ ဆိုပေမဲ့ ကျွန်တော်တို့ လို နယ်က လူငယ်တွေ အဖို့တော့ ကွန်ပျူတာ ဆိုတာ ကြားဖူးရုံ အဆင့်ပဲ ရှိခဲ့ပါတယ် ။ ဒီလိုနဲ့ ကွန်ပျုတာ သင်တန်းတွေကို ဆယ်တန်းပြီးခါစမှာ တက်လိုက်ပါသေးတယ် ။ ဒါပေမဲ့ အွန်လိုင်းဆိုတာကို ကျွန်တော် သေချာမသိခဲ့ပါဘူး ။ အွန်လိုင်း ဆိုတာကို ကျွန်တော် ၂၀၀၆ ခုနှစ် မှ စပြီး သိကျွမ်းဝင်ခဲ့တယ် ။ ၂၀၀၆ ခုနှစ်မှာ အကိုတစ်ယောက်က သူ အင်တာနက်သွားသုံးမယ် မင်းလိုက်ကြည့်ချင်လားဆိုပြီး ခေါ်လို့ ကျွန်တော်လိုက်သွားရာကနေ အွန်လိုင်းဆိုတာကို စတင်ထိတွေ့ခဲ့တယ်ဗျ ။ ဒါတောင် ကျွန်တော် အွန်လိုင်းဆိုတာ ကိုယ်သိတဲ့ ၀ဘ်ဆိုဒ်တွေလောက်ပဲ ကြည့်လိုရတဲ့ဟာလို့ ထင်ခဲ့တယ် ။ ဂိုဂယ်ဆိုတာ ဘာမှန်းမသိဘူး ။ နောက်ပြီးအဲဒီအချိန်တုန်းက အင်တာနက်ဆိုင်ဆိုတာလည်း အလွန်ရှားပါသေးတယ် ။ ကျွန်တော် စသုံးဖြစ်တဲ့ အင်တာနက်ဆိုင်က ဗိုလ်အောင်ကျော်လမ်းကပါ ။ အာလာဒင်ဘေးနားက ကွန်ဒိုတိုက်ခန်းမှာ ဖွင့်ထားတဲ့ softlink ဆိုတဲ့ အင်တာနက်ဆိုင်မှာပါ ။ အဲဒီမှာ ကျွန်တော် စပြီး အွန်လိုင်းကို စသုံး ဖြစ်ခဲ့ပါတယ် ။ ဒါတောင် တစ်နှစ်လောက် ကိုယ်သိတဲ့ ၀ဘ်ဆိုဒ် အခု နှစ်ဆယ်လောက်တင် လိုက်ကြည့်ဖြစ်တယ် Ygn Chat ၀င်တာလောက်ပဲ သိခဲ့တာပါ ။ ဒီကနေ တဆင့်တက်ပြီး ကျွန်တော် ဆိုရှယ်ဝဘ်ဆိုဒ်တွေကို သိလာပါတယ် ။ ကျွန်တော် ပထမဦးဆုံး စတင်ပြီး သိလာတာက www.mysuboo.com ပါ ။ အဲဒီမှာ ၂၀၀၇ အစပိုင်းလောက်ထင်ပါတယ် ကျွန်တော် ဆက်ပိုင် ဆိုတဲ့ နာမည်နဲ့ စာဖတ်သူအဖြစ် စတင်ခဲ့တယ် ။ အဲဒီတုန်းကဆို စုဗူးမှာ မငယ် လူလိန် သူရဿဝါ ၀ိုင် စိုးမိုး ကောင်းကင်ပြာ ပုံ့ပုံ့ ရွှေဘုန်းလူ မောင်စေတန် ကသစ်နွယ် အိုင်ရွန်နီ ကိုဖီဒိုဒီဒို ဆာမူရိုင်း ဘလက်ပိုင်းရစ် ကိုဇေ သူငယ်ချင်းတွေနဲ့ စခင်ဖြစ်ခဲ့ပြီး သိပ်မကြာခင် ၂၀၀၇ နှစ်ဦးပိုင်းမှာပဲ အွန်လိုင်း စာရေးသူ ဘ၀ကို ဆိုရှယ်ဝဘ်ဆိုဒ်မှာပဲ စတင်ခဲ့ပါတယ် ။ ဒါတောင် သူငယ်ချင်း မေသဲ ( အခု ဘလောဂါ ထာဝရကြယ်စင် မိုးခါး ) က အတင်းရေးပါ ဆိုပီး ပြောလို့ ကျွန်တော် စာရေးသူ အဖြစ် စတင်ခဲ့တာပါ ။ အဲဒီနောက်ပိုင်း ကျွန်တော် ဆိုရှယ် ၀ဘ်ဆိုဒ်တွေ ဖြစ်တဲ့ ပလန်းနက် တို့မှာ စာဖတ်သူအဖြစ်ရှိခဲ့ပြီး စာရေးသားမှုကိုတော့ မိုင်စုဗူးတစ်ခုထဲမှာ ပဲ ရေးသားဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ ဆိုရှယ်ဆိုဒ်မှာရေးရင် သူရဿဝါတို့ ၀ိုင် တို့နဲ့ ခင်မင်ပြီး ကိုယ်ပိုင်သီးသန့် ၀ဘ်ဆိုဒ်လေး တည်ထောင်ကြဖို့ စတင်ဖြစ်ခဲ့ပါတယ် ။ ဒါနဲ့ ကျွန်တော် ၂၀၀၇ ကုန်လောက်မှာ ဗညားရှိန် ဆိုတဲ့ နာမည်နဲ့ ( www.banyarshein.blogspot.com ) ဘလော့ လောကထဲ ၀င်ရောက်လာခဲ့ပါတယ် ။ ကျွန်တော် ၀င်ရောက်တဲ့အချိန်မှာ ကိုညီလင်းဆက် မပင့် ကိုမောင်လှ ကိုရန်အောင် မဘာညာကွိကွိ မင်းယွန်းသစ် ဖိုးသူတော် ကိုနေဘုန်းလတ် တို့ရဲ့ ဘလော့တွေအပြင် ဘလော်ဂါအချိုရဲ့ ဘလော့တွေကို သိရှိခဲ့ပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်ထိ ကဗျာ သီးသန့် ဘလော့တွေကို ကျွန်တော် တွေ့ရှိခဲ့ခြင်းမရှိသေးပါဘူး ။ အဲဒီဘလော့တွေ သိပြီး မကြာခင်မှာပဲ ကိုနေဘုန်းလတ်ရဲ့ သတင်းကို ၀မ်းနည်းစွာ ကြားခဲ့ရပါတယ် ။ ဒါ ကျွန်တော့် ဘလော့ သက်တမ်း အစမှာ ပထမဦးဆုံး စိတ်မကောင်းစရာ သတင်းအဖြစ် ကျွန်တော် ကြုံတွေ့ခဲ့ရတာပါ ။ ဒီလိုပဲ ၂၀၀၇ ၊ ၂၀၀၈ နှစ်ပိုင်းတွေမှာ ကျွန်တော့် ဘလော့ကို ကဗျာသီးသန့်ဆိုဒ်အဖြစ် ကျွန်တော်ရေးသားခဲ့ပါတယ် ။ အဲဒီကြားထဲ ၂၀၀၈ ကုန်လောက်မှာ ning social site တွေ ပေါ်လာတော့ ကျွန်တော် မြက်ခင်းသစ်ဆိုတဲ့ ( www.myatkhinnthit.ning.com ) ဆိုရှယ်ဆိုဒ်လေးကို တည်ထောင် ဖြစ်ခဲ့ပါသေးတယ် ။ ကျွန်တော် မြက်ခင်းသစ်ဆိုဒ်ကို စတင်လုပ်တဲ့အချိန် တပြိုင်တည်းမှာပဲ ning ဆိုဒ်တွေအဖြစ် toilet wall ၊ ချော့ကလက်မြို့တော် ၊ ဗရုတ်သုက္ခမြို့တော် စတဲ့ဆိုဒ်တွေပေါ်လာခဲ့ကြတယ် ။ တွိင်းလက်ဝေါကိုတော့ စုဗူးက ရွှေဘုန်းလူက အက်မင် အဖြစ်လုပ်ခဲ့ပြီး ၊ ချော့ကလက်မြို့တော်ကိုတော့ ထိုင်ဝမ်းက မြို့စားလေးက လုပ်ပါတယ် ။ ဗရုတ်သုက္ခမြို့တော်ကို သူရဿဝါက လုပ်ခဲ့ပါတယ် ။ နောက်ပြီး တခြားဆိုရှယ်ဆိုဒ်တွေလည်း ရှိခဲ့ပါတယ် ။ ကျွန်တော် မြက်ခင်းသစ် ဆိုရှယ်ဆိုဒ်မှာရော ကိုယ်ပိုင် ဘလော့မှာရော စာရေးနိုင်အောင် လုပ်ခဲ့ပါတယ် ။ မြက်ခင်းသစ်ဆိုဒ်လေးကို လုပ်တဲ့အခါမှာလည်း တော်တော် အားရခဲ့တယ် ။ ကျွန်တော် လိုချင်တဲ့ စာပေသီးသန့်ဆိုဒ်အဖြစ် လုပ်နိုင်ခဲ့ပါတယ် ။ စာရေးသူ တော်တော်များများကလည်း ရသစာပေကိုအဓိကရေးသားပေးခဲ့ကြတဲ့အတွက် ရသစာပေဆိုဒ်အဖြစ် ရှိခဲ့ပါတယ် ။ ၂၀၀၈ နောက်ပိုင်း ၂၀၀၉ နှစ်ဦးပိုင်းတွေမှာ မြက်ခင်းသစ် ကဗျာရွှတ်ပွဲတွေကို အင်းယားကန် ဘေးက စိမ်းလန်းစိုပြေမှာ နှစ်လ တစ်ခါလောက် လုပ်ခဲ့ပါတယ် ။ အဲဒီမှာ ကိုမင်းယွန်းသစ် ကိုမိုးလှိုင်ည ကိုညီလင်းဆက် သူရဿဝါ ၀ိုင် စိုးမိုး ရုပ်သေး သိုးမဲ အနှိုင်းမဲ့ ရိုးရာ တေလေ လင်းရမ္မာ ကိုစိုးဇေယျာထွန်း ဖိုးသူတော် ၊ သောတ ဇာတိ ၊ ညီမအရင်းလို ဖြစ်နေတဲ့ ပျိုခေတ် စတဲ့ ဘလောဂါတွေနဲ့ ကျွန်တော်လုပ်ခဲ့ပါတယ် ။ ဒါက ဆိုရှယ်ဆိုဒ်ပိုင်းမှာ ကျွန်တော်လုပ်ဖြစ်ခဲ့တာတွေပါ ။ ဘလော့ဘက်ပိုင်းမှာတော့ ကျွန်တော် စတင်ပြီး ခင်မင်ခဲ့တာက ၂၀၀၈ နှောင်းပိုင်းမှာ ထင်ပါတယ် ကျွန်တော့် အမရင်းလို ဖြစ်ခဲ့တဲ့ ဆုံနိုင်ခွင့်(မေလေး) ၊ ကိုပီတာ ၊ လရောင်လမ်း(တေဇာ) ၊ ကိုရီနိုမာန် ၊ တောင်ပေါ်သား ၊ ချမ်းလင်းနေ ၊ ဆောင်ချမ်းမိုး ၊ ကိုမြစ်ကျိုးအင်း ၊ ဆောင်းနှင်းရွက် ၊ ပန်ဒိုရာ ၊ တလနွန်း ၊ မဗေဒါ ၊ ကိုရင်နော်ခင်းလေးငယ် ၊ ကိုလင်းဒီပ ၊ ကိုဆောင်းယွန်းလ ၊ မသက်ဝေ ၊ ကိုအောင်သာငယ် ၊ ကိုမင်းဒင် စတဲ့ ဘလောဂါတွေကို သိခဲ့ပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော်ဘလော့ဆိုတာကို လသားအရွယ် စရေးခါစ ဆိုတော့ အကုန်လိုက်သင်ရပါတယ် ။ နည်းပညာဆို ကိုရန်အောင်ဆီမှာ သွားကြည့်ရပါတယ် ။ ကဗျာဆိုတာကိုတော့ ကိုဆောင်းယွန်းလ ကိုလင်းဒီပ တို့ ဆီမှာသွားဖတ်ရပါတယ် ။ နောက်ပီး ဘလော့ တော်တော်များများ ကျန်ပါသေးတယ် ။ ကျွန်တော် အကုန်မမှတ်မိတော့ပါဘူး ။ ဒီလိုနဲ့ ၂၀၁၀ နှစ်ဦးပိုင်းရောက်တော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ပြဿနာ တချို့ကြောင့် ကျွန်တော့် အီးမေး banyarshein@gmail.com ကို ဖျက်လိုက်တာမှ တဆင့် ကျွန်တော့် ဘလော့ www.banyarshein.net ရော ကျွန်တော်ရဲ့ ဆိုရှယ်ဆိုဒ် မြက်ခင်းသစ်ရောကို ကျွန်တော် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ် ။ ဘလော့ရော ဆိုရှယ်ဆိုဒ်ရောပါ ကျွန်တော့် အီးမေးကိုဖျက်လိုက်တဲ့အတွက် ကျွန်တော် ၀င်ရောက်လို့မရတော့ပါဘူး ။ အဲဒီအချိန် ကျွန်တော့် စိတ်မြန်မှုရဲ့ သင်ခန်းစာ တစ်ခုကို ကျွန်တော်ရခဲ့ပါတယ် ။ ကဗျာတွေ တော်တော်များများ ဆုံးရှုံးခဲ့ရပါတယ် ။ ဒီလိုနဲ့ ၂၀၁၀ ဖေဖော်ဝါရီလောက်မှပဲ www.lynnkhitdeno.blogspot.com ကို ကျွန်တော် ပြန်လုပ်ဖြစ်ခဲ့ပါတယ် ။ ကဗျာတွေကို စုဗူးကရော ဖေ့ဘွတ်ကရော မြက်ခင်းသစ်ဆိုဒ်ကရော ကျွန်တော် ပြန်ယူခဲ့ပေမဲ့ ဘလော့ကလုံးဝ ပြန်ဖွင့်လို့မရတော့လို့ ဗျာတော်တော်များများ ဆုံးရှူံးခဲ့ရပါတယ် ။ အပုဒ်ရေ ၃၀ ကျော် ၄၀ လောက် ကျွန်တော်လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ် ။ ကျွန်တော် ကဗျာ တစ်ပုဒ်ကိုတောင် အရမ်းမြတ်နိုးတတ်သူမို့ အပုဒ် ၃၀ ၄၀ ဆိုတာ ကျွန်တော့်အတွက် အရမ်းကို ထိခိုက်ရပါတယ် ။ အဲဒီ ကတည်းကစပြီး ကျွန်တော်နောင်တ နဲ့အတူ မတည်ငြိမ်သေးတဲ့ ပေါက်ကွဲလွယ်တဲ့ ကိုယ့်ကိုယ်ကို ပြင်ခဲ့ပါတယ် ။ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ကို ကျွန်တော် ဖျောက်ခဲ့ပါတယ် ။ သင်ခန်းစာ တခု ကောင်းကောင်း ရခဲ့တယ် ဆိုပါတော့ဗျာ ။ အဲဒီနောက်ပိုင်း ကျနော် ဘလော့တော်တော်များများကို သိခဲ့ပေမဲ့ ကျွန်တော့်မှာ အကျင့်တစ်ခုရှိခဲ့တယ်ဗျ ။ အဲဒါက ကျွန်တောာ် အက်ဆေးကို ဖတ်ရတာထက် ကဗျာ ဖတ်ရတာကို ပိုသန်တယ်ဗျ ။ အက်ဆေးတစ်ပုဒ် ဘယ်လောက်ကောင်းနေပါစေ အချိန်ရမှပဲ ကျွန်တော် ဖတ်ဖြစ်တယ် ။ ကဗျာတစ်ပုဒ် ဘယ်လောက်ပဲ ညံ့ပါစေဆိုဆို အိပ်နေရာက ထဖတ်ခိုင်းလည်း ကျွန်တော် ထဖတ်တယ်ဗျ ။ ကဗျာကို ကျွန်တော် အဲလို အရူးအမူး စွဲလမ်းပါတယ် နှစ်သက်ပါတယ် မြတ်နိုးပါတယ် ။ ဒါကြောင့် ကျွန်တော် ဘလော့သွားလည်ရင် ကဗျာ ဘလော့တွေသာ သွားအလည်များပြီး ကျန်တဲ့ ဘလော့တွေကို သွားလည်ပတ်တာ နည်းခဲ့ပါတယ် ။ ဒါပေမဲ တခါတရံတော့ ရသဘလော့တွေကို လိုက်ဖတ်ဖြစ်ပါတယ် ။ ၂၀၁၀ အတွင်းမှာတော့ ကျွန်တော် ဘလော့တော်တော်များများနဲ့ သိကျွမ်းခင်မင်ခဲ့ပါတယ် ။ ကဗျာဘလော့တွေ ဖြစ်တဲ့ ကိုမိုးစက်အိမ် ကိုနွေသစ် ကိုညိမ်းညို ညီအကိုအရင်းလိုဖြစ်ခဲ့တဲ့ ကဗျာသောက်ဖော်သောက်ဖက် ကိုညလင်းအိမ် ( တခါတရံလည်း ကဗျာအမူးလွန်ပြီး ကဗျာတွေ ရင်ဘတ်ထဲက ပြန်အံကျလာတာလည်း ရှိတယ်ဗျ ) ၊ မှုးဒါရီ ၊ ဂျွန်မိုးအိမ် ၊ နွေးနွေးသဲမွန် ( ညီမ မိနွေးကတော့ စုဗူးမှာတည်းကသိခဲ့တာပါ ) ၊ သွယ်လင်းဆက် ၊ လမ်းအိုလေး ၊ ကျော်ညိုသွေး (ကိုဂစ်တာ) ၊ ကိုရင်ညိန်း ကိုချိရွန် ၊ ကိုလင်းသစ်ဏီ ၊ ကိုနွေညို မောင်လုလင် ၊ မောင်ခင်လေး ၊ ဘသားချော ၊ ကိုဖြိုးငယ် ၊ ကိုသားကြီး ၊ အိမ်မက်ခြေရာ ၊ ညီမငယ် ဇော် ( ကျွန်တော်တို့အိမ် ) ၊ မနုငယ် ၊ ဇူးငယ် ရင်မှမိုးစက်ပွင့်များ ၊ စတဲ့ ဘလော်ဂါ ကဗျာဆရာတွေနဲ့ ခင်ခဲ့ပါတယ် ။ နောက်ပြီး ရသအရေးအသားပိုင်းမှာ ဆိုရင် အကိုလိုခင်တဲ့ ကိုဏီးလို့ ကျွန်တော်တို့ ခေါ်တတ်တဲ့ ကိုဏီလင်းညို (အခုတော့ အငြိမ်းစား ယူထားတယ်လို့တော့ ပြောရမယ်ထင်တယ် ) နောက်ပြီး . . အိမ်မက်ဆိပ်ကမ်း ၊ သက်ပိုင်သူ ၊ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံ ၊ ခရေတွန် ၊ မချော အစိမ်းရောင်လွင်ပြင် ၊ မောင်ဘကြိုင် ၊ ကိုကြီးကျောက် ၊ ဆိုဒ်ပရပ် နတ်သမီး ၊ နှင်းနဲ့မာယာ ၊ ကိုကိုမောင် ပန်းရနံ့ ၊ ကိုဇော် ၊ မမကွန် ( KOM ) ၊ ကဗျာရေးရင်း ကွန်မန့်ကို ထိပ်ဆုံးက ပေးတတ်သလို ကဗျာတိုင်းလိုလိုကို အားပေးတတ်တဲ့သူ စနောက်ရင် စိတ်မဆိုးတဲ့ အမ မမိုးငွေ့ ၊ ညခင်းရဲ့လမင်း ၊ ဆောင်းနှင်းရွက် အမရွှေစင်ဦး ၊ မဒါလို့ ကျနော်ခေါ်တဲ့ သဒ္ဒါလှိုင်း ၊ နောက်ပီး သူငယ်ချင်း အရင်းလိုခင်ခဲ့ကြတဲ့ ယွန်း ၊ ဂျင်းမလို့ကျနော်တို့ ခေါ်တဲ့ အင်ကြင်းသန့် ၊ မြတ်မွန် ၊ ဒါ့အပြင် အမရွှေပြည်သူ ၊ ချိုကိုသဇင် ၊ ခိုင်နုငယ် ၊ မရို့စ် တို့အပြင် နောက်ထပ် မေ့နေတဲ့ နာမည်တွေ အများကြီးကျန်ပါသေးတယ် ။ ၂၀၁၀ အကုန်ပိုင်းနဲ့ ၂၀၁၁ တွေမှာတော့ ကျွန်တော် ဘလော့ဖတ်တွေသာ ဖတ်ဖြစ်ပေမဲ့ မခင်သေးတဲ့သူငယ်ချင်းများဖြစ်တဲ့ ကျွန်တော့်ဘ၀ ဇာတ်ခုံ မောင်မျိုး ၊ နောက်ပြီး ကျွန်တော့်ကို ( ဗညားရှိန် လင်းခေတ်ဒီနို ဆက်ပိုင် ) ဆိုပီး ကလောင်သုံးမျိုးနဲ့ ရေးလို့ သုံးမည်ရ ရွှေကိုယ်တော်လို့ ခေါ်တဲ့ အမအရင်းလို ခင်ခဲ့တဲ့ စကားပြော နူးညံ့လွန်းတဲ့ တပြည်သူ မရွှေထား . . အဲး)း) တပြည်သူ မလေး ( အိမ့်ချမ်းမြေ့ ) ၊ စာရေးကောင်းတဲ့ ညီမငယ် မိလှိုင် ( အိန်ဂျယ်လှိုင် ) ၊ ကျွန်တော့်ကဗျာတွေကို နှစ်သက်တဲ့ ဂျက်စမင် ( တောင်ကြီး ) ၊ မိုးပန်ချီ ၊ နိုဘယ်မိုး ၊ ညီသူအိမ် ၊ နတ်ဆိုးလေး ၊ မွန်းသက်ပန် ၊ ရံအင်္လကာ ၊ မက်မက် ၊ ခင်မောင်ချင် ၊ သိင်္ဂါကျော် ၊ သိင်္ဂါရ ၊ မနောဖြူ ၊ မသစ် ၊ မပိုး ၊ မဗစ်စတာ ၊ ကိုအောင် ပျုနိုင်ငံ ၊ ဘလက်ရို့စ် ၊ မြသွေးနီ ၊ မဒမ်ကိုး ၊ သတိုး ၊ ကိုသက်ထွေး ၊ အမရာ ၊ ညီဇံလှ ၊ စတဲံ ဘလော်ဂါတွေ တော်တော်များများနဲ့ ခင်မင်ခဲ့ပါတယ် ။ ကျန်ခဲ့တဲ့ သူငယ်ချင်းများလည်းရှိပါသေးတယ် ၊ အဲဒီအတွက် ကျွန်တော်မေ့လျှော့ပြီး ကျန်ခဲ့တဲ့ သူများရှိရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ။ နောက်ပိုင်းလည်း ကျွန်တော် စာရေးကျဲနေပါဦးမယ် ။ ၇ ရက် တစ်ပတ် ပိတ်ရက်မရှိ လုပ်နေတဲ့ အလုပ်မအားတဲ့ ကြားကနေ ကျွန်တော် တတ်နိုင်သမျှ ကျွန်တော် ကဗျာတွေရေးဖွဲ့နေဦးမှာပါ လို့ ပြောရင်း ကျွန်တော်ကို ခင်မင်စွာ တဂ် တဲ့ ညီမငယ် မိလှိုင်နဲ့ သူငယ်ချင်း ဂျက်စမင် တောင်ကြီး တို့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ။ ခင်မင်စွာဖြင့် ဗညားရှိန်

30 comments:

ပန်းချီ said...

စာရေးကျဲပေမယ့် တစ်ပုဒ်ဆိုတစ်ပုဒ် ရင်ထဲတစ်ခုခုကျန်စေလို့ အမြဲလာဖတ် အားပေးလျှက်ပါရှင်.. ကျွန်မလည်း စာရေးကျဲပါတယ်။ မအားလွန်လွန်းလို့..း)) ကျွန်မကို သတိတရရှိလို့လည်း ကျေးဇူးတင်ပါတယ်ရှင်..။

Maung Myo said...

ကျနော်လည်း ကိုရှိန်းဆီမှာ ကဗျာရေးကောင်းတဲ့ ဘလော့မှာ အက်ဆေးတွေဖတ်ချင်တာတော့ ဒီကောင် ငမျိုး ဆိုးတာပေါ့နော့်။

ကျနော်လည်း အစ်ကို့ကို ဟိုးအရင် နတ်ဆိုးလား ဘာလားမမှတ်မိတော့ဘူး အဲ့တုန်းတည်းက ဘလော့ကိုဖတ်ဖူးပေမယ့် မခင်ဖူး နောက်ပိုင်း ဖေ့ဘွတ်မှာတွေ့မှာပဲ အော်..ဒီလူကြီးလည်းခင်စရာကောင်းပါတယ်လို့ဖြစ်လာတယ် ။

ဒါနဲ့ အစ်ကိုခေါ်တဲ့ ငမျိုး ဆိုတဲ့ နာမည်ကြားရင် ငယ်ငယ်လေးပြန်ဖြစ်သွားသလို ခံစားရတယ်ဗျ ကျနော့်ကို အငယ်တုန်းက ငမျိုးလို့ ခေါ်ခဲ့ကြတာဆိုတော့ ။

Anonymous said...

ဆက်ပိုင်ဆိုတာ တော်တော် လူကြီးပြီထင်တာ ..
စုဗူးက ဓာတ်ပုံ မှာ
ဆက်ပိုင် ဗေဒင် တွက်သည် ဆိုလား ဘာလား ..
တွေ့လိုက်တော့ .. :D
((ရေးတေးတေးပဲ))

ဟို ကဗျာရွတ်ပွဲမှာ တွေ့မှ
သြော် .. အဲ့ခါကျမှ
မကြီးသေးပါဘူး .. လူငယ်ပဲ ၇ှိသေးတာပါ .း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

KMC@ချင်းလေး said...

ဘဝတစ်စိတ်တစ်ဒေသကိုထင်းထင်းကြီးမြင်သွားပါတယ်။ လတ်စသတ်တော့Softlinkပရိသတ်ဖြစ်ခဲ့ဖူးတာကိုး.။ ကျနော်လည်းအင်တာနက်ကိုစတင်သိကျွမ်းခဲ့တာအာလာဒင်နားကSoftlink Cyber မှာပါပဲဗျာ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာတွေ အရေးကာင်းတာမို့ သတိထားမိပါတယ်
အရေးကောင်းတာလဲ မပြောနဲ့ ကဗျာတွေကို သိပ်ကြိုက်တဲ့သူ ဖြစ်နေတာကိုးနော်။။
အစ်မတို့ကတော့ ကဗျာတွေဘာတွေ ကာရံလိုက်အောင် မရေးတတ်တော့ စာတွေချည်း ရေးနေရတာပါဘဲ
ကဗျာလှလှလေးရေးတတ်တဲ့သူတွေကို အားကျမိတယ်.
စာတွေကဗျာတွေ အများကြီးဆက်လက်ရေးသားနိုင်ပါစေ

စံပယ်ချို said...

ခပ်ကျဲကျဲပဲကောင်းပါတယ်
ရေးသလောက်ထိနေလို့ပါ
နေ့တိုင်းထိနေရင် နှလုံးသားတွေ
စုတ်ပြဲကုန်မှာစိုးလို့....
ကဗျာတွေကောင်းသလို စာရေးလဲကောင်း
ပါ၏ ။
ဒီထက်ပိုပြီး...ရေးနိုင်ပါစေရှင်

mstint said...

ဘလော့ဂ်ဒေးအမှတ်တရ ဖတ်သွားပါတယ်။
ဘလော့ဂ်ဂါတွေအချင်းချင်း ချစ်ခင်ရင်းနှီးမှုဟာ ကျေနပ်အားရစရာကောင်းသလို ဘလော့ဂ်ဂါတွေရဲ့ စာပေပေါင်းစုံးဖတ်ရတာလည်း ကြည်နူးစရာပါ။
အဆင်ပြေတဲ့အခါတိုင်း ပို့စ်လေးတွေ တင်နိုင်ပါစေကွယ်။
'စိတ်လိုက်မာန်ပါ' ဆိုတာ အမှားများတတ်တာမို့ ပြုပြင်လိုက်တာ ကောင်းသောဦးတည်ချက်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

PhyoPhyo said...

နတ်ဆိုးကြီးလို့သူငယ်ချင်း တွေခေါ်တယ် ။ အပေါ်ယံ စကားလုံးတွေနဲ့ နားဝင်ချိုအောင် မပြောတတ်ဘူး စိတ်ရင်းနဲ့ပဲ ခင်တယ် ။ ကဗျာဆရာလို့ ခေါ်တာထက် ကဗျာမြတ်နိုးသူလို့ အခေါ်ခံရတာ ပိုနှစ်သက်တယ်။ ကဗျာဆိုတာ ညာဘက် ရင်အုံထဲက ဒုတိယမြောက် အသည်းနှလုံး။ . . . . .
ကဗျာမြတ်နိုးသူကိုး .. ဘလောဂ့်ဒေးပို့စ်လေးတွေလိုက်ဖတ်ရင်ရောက်လာတာပါ။
စာလာလာဖတ်ဖူးပါတယ်။ ချစ်တဲ့ကဗျာတွေအများကြီးရေးနိုင်ပါစေ။

johnmoeeain said...

ခံစားချက် အပြည့်နဲ့ ကဗျာတွေ လာလာဖတ်ရတာကိုက အလွမ်းပုရပိုဒ်က ပေးတဲ့ ရသ တစ်မျိုးပဲ ဟုတ်??? :)

သဒ္ဓါလှိုင်း said...

ဗညားရေ
မုန်တိုင်းနဲ့အတူ ဘလော့ဒေးအမှတ်တရလေးကို မှတ်မှတ်ရရလေး ရေးလိုက်တာပေါ့။ ကဗျာကိုချစ်မြတ်နိုးတဲ့ ကဗျာမှော်ဆရာလေးတယောက်အဖြစ် ရင်ထဲကခံစားချက်သံစဉ်တွေကို အစက်ချနိုင်တဲ့သူတယောက်အဖြစ် ချခွင့်ရနိုင်သလောက် ဘလော့လေးပေါ်မှာ ရှင်သန်နိုင်ပါစေနော်။

မဒါ

blackroze said...

မအားပေမဲ့လည်းအချိန်လေးရသလောက်
စာတွေရေးပါဦးလို့ပြောပါရစေရှင်..

Angelhlaing(May everybody be happy and healthy! said...

Happy Blogger day ပါအကို...:):) မအားတဲ့ကြားက အလေးထားရေးပေးလို့ ကျေးဇူးပါလို့
ညီမငယ်...
မိလှိုင် :P

ကိုဇော် said...

တဂ် ပို့စ်ဆိုပေမဲ့ ဒီလို စစ်စစ်ပေါက်ပေါက် ပြည့်ပြည့်စုံစုံ ရေးနိုင်တာ လေးစားပါတယ်ဗျာ။ ကျနော်ဆိုရင် ဒီလို ရေးတတ်မယ် မထင်ဘူး။ အခုထိ ဘယ်လို စရေးရမှန်းလည်း မသိပါဘူး။ ဒါကြောင့် အခုထိ သူများ ဘလော့ဂါဒေး တဂ်ပို့စ်တွေချည်းပဲ လိုက်ဖတ်နေမိတာ။

အလင်းသစ် said...

ဟယ်ရီ ၊ ဒီနို ၊ ကောင်းကင်ကို ဆိုပြီး ကျွန်တော် လေးစားအားကျရတဲ့ ကဗျာလက်တွေထဲက လင်းခေတ်ဒီနိုဆိုတဲ့ ကဗျာလက်က ကဗျာကို အရူးအမူး စွဲလန်းစွာ ရေးစပ်တတ်တယ်ဆိုတာ သိရတော့ ထပ်ပြီးကို အားကျမိပါရဲ့။။။ အားပေးလျက်ပါ အကိုရေ။။ ထပ်ရေးလာမယ့် ကဗျာလေးတွေ စောင့်မျှော်လျက်ပါဗျာ။။

Cameron said...

မုန်ဒိုင်းကြားက ဒိုင်နိုဆော....း)
ချစ်သောဘလော့မောင်နှမတွေနဲ့စာရေးကျဲပေမယ့်လည်း အမြဲ ဘလော့ဂင်းနိုင်ပါစေ...

မြသွေးနီ said...

ကဗျာတွေကို နှစ်သက်တယ်...
ကိုယ်တိုင်လည်း စိတ်တွေ မွန်းကြပ်လာတိုင်း စကားလုံးတွေကို ကဗျာအဖြစ်နဲ့ ပေါက်ခွဲဖြစ်ခဲ့တယ်။ ကဗျာ ရေးသူတိုငိးကို လေးစားတယ်..။
ကဗျာက မြသွေးနီအတွက်တော့ ညှို့နိုင်ပြီး ခက်ခဲတဲ့ ခံစားမှုတွေ ပေးနိုင်တဲ့ ဘာသာဗေဒတစ်ခုပါ။

ခင်မင်သော..
မြသွေးနီ

မဒီခ said...

ခပ်ပြင်းရှရှ စကားလုံးတွေနဲ့ ကဗျာတွေဖတ်ရလို့  ကျေးဇူးပါ ကိုဗညားရေ .. အမှတ်တရလေးတွေလည်း ဝေမျှခံစားသွားပါတယ် .. ကောင်းသောနေ့ လေးပါနော် .. :)

SHWE ZIN U said...

ကဗျာကောင်းလေး တွေ အတွက် ကျေးဇူးတင်နေရတာပါ ကဗျာမရေးတတ်ဘူး ဒါပေမဲ့ ခံစားတတ်တယ်

ကဗျာကောင်းလေး တွေ အများကြီးရေးနိုင်ပါစေဗျာ

sosegado said...

နာမည် အများဆုံး ဘလော့ဂါဆု
လာရောက်ဖတ်သွားပါသည်၊
ပျော်ရွှင်အေးချမ်းစွာဖြင့် စာများများရေးနိုင်ပါစေ။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မနာမည်လေးကိုလည်း သတိတရ ထည့်ရေးထားလို့ ကျေးဇူးလည်းတင် ဝမ်းလည်းသာမိပါတယ် ကိုလင်းခေတ်ရေ။ ဘလော့နဲ့ စာကို တကယ်လေးနက်မှု မြတ်နိုးမှုတွေနဲ့ ချီတက်နေတဲ့ ဘလော့ဂါတိုင်းရဲ့ ဖြတ်သန်းမှုတွေကို ဖတ်ရတာ တကယ်ကို ဆွတ်ပျံ့စရာပါ။

(အလုပ်များလို့ စာရေးကျဲမယ်ဆိုတာကို ကိုယ်ချင်းစာ နားလည်မိပါတယ်။ တခါတခါ စိတ်ကသာ ရှိပေမယ့် ဘဝထဲမှာ နစ်သွားပြန်ရောနော်။ အားတဲ့အခါတွေမှာ စာကောင်းတွေ ဆက်ရေးနိုင်ပါစေ မောင်လေး)

မိုးခါး said...

မောင်မင်း တယ်မိုက်သကိုး .. :P

ငါ့တယ်ရင်း သနားပါတယ် .. ပိတ်ရက် မရှိ လုပ်နေရတယ် .. မုန်တိုင်းကလည်းနော် ပြေပြေလေး ဆက်တိုက်တာမဟုတ်ဘူး .. :P ဖွ ဖွ :D

Anonymous said...

ငါစာမရေးတာကြာပေမဲ့ ငါ့ကို မမေ့မလျော့ရှိနေသေးတာ ကျေးဇူးပဲ ဗညားရေ.. ငါလဲစာပြန်ရေးဖို့ အားယူနေတယ် ..ဘလော့ကို သံယောဇဉ်မဖြတ်နိုင်သေးဘူး ... ပြန်လာဦးးမှာ...

(နင်ေ၇ာအခြေနေကောင်းရဲ့ လား)
ငါ့သူငယ်ချင်းကြီး ဘေးအန္တာရယ်ကင်းပါစေ..

ယွန်း

မြတ်မွန် said...

အဟီး ဖွဖော် ဖွဖက်ကြီး..
ညားညား..ဆက်ပြီး ခံစားချက်တွေကို များများဖွပါအုံးလို့..:P။
မွန်..

ညီရဲ said...

ဘလော့ဒေး အမှတ်တရလေးကို လာဖတ်သွားပါတယ်။ ကျွန်တော်က ဘလော့ဂ်ဂါ အသစ်ကလေးပါ။ အစ်ကို့ လင့်လေး ယူသွားပါတယ်။ လမ်းကြုံရင် လာလည်ဖို့ ကိုလဲ ဖိတ်ပါတယ်။

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်သော ဘလောဂ်ဒေးပါ ဗညားရေ...

မလေးလည်း အက်ဆေးတွေ ဖတ်ချင်ပါသည်။
အားရင် ရေးပေးစေလိုပါသည်။

ကဗျာတွေလည်း များကြီးဆက်ရေးနိုင်ပါစေရှင်။

ခင်တဲ့...
မလေး

အင်ကြင်းသန့် said...

နတ်ဆိုးရေ....
တစ်မျိုးထက်တစ်မျိုး
မရိုးရလေအောင်
စာချိုး ကဗျာချိုးတွေကို
တိုးသထက်သာတိုးအောင်
ရေးပါဦးလို့....


ခင်တဲ့
ဂျင်း

မိုးယံ said...

ဟင်!!! သူဖတ်တဲ့ ဘလော့ဂ်တွေက နည်းနည်းလေးပဲနော်... အံ့သြချက်။

မထင်မရှား မိုးယံတို့ကိုများ မေ့ရက်သလား ကိုလင်းခေတ်ဗညား ဂျီးရယ်....

ခွင့်ပြုတယ်..ခွင့်လွှတ်တယ်...။ ဟာဟ

သွယ်လင်းဆက် said...

အားလုံးကိုလွမ်းတယ်။ ဖတ်ရုံကလွဲလို့ ဘာမှမလုပ်တတ်တဲ့ဦးဏှောက်ကို စိတ်ကုန်နေပြီ။

တောက်ပကြယ်စင် said...

ကိုဗညားက ကဗျာကို အဲဒီလောက်ထိတောင် ကြိုက်တာပေါ့နော်။ ကိုဗညားက စာကို ရှင်းရှင်းလင်းလင်းရေးတယ်နော်။ ပုဒ်ထီး၊ ပုဒ်မ၊ စာပိုဒ်တွေဘာတွေ ခွဲတာကအစပေါ့။ သည်နဲ့တယ်နဲ့ ရောမနေဘူးနော်။ ကျန်းမာပျော်ရွှင်ပါစေ ကိုဗညားရေ။

မြရေလျဉ် said...

နတ်ဆိုးရေးတဲ့ အလွမ်းပုရပိုဒ် ဆိုတဲ့နာမယ်ရယ် လင်းခေတ်ဒီနိုရယ်ကိုကြားဖူးတယ်။
ဗညားမှန်းမသိတာ။

ငါလဲ နင်မေ့နေတဲ့ ဘလော့ဂါတွေထဲက တစ်ယောက်ဖြစ်မယ်ထင်တယ်.။
ဟုတ်တယ်မလား။

လူကြည့်အများဆုံး စာတိုပေစများ