Saturday, April 10, 2010

စိတ်

. မမေ့နိုင်သေးတဲ့ အရသာ တစ်ခု အနံမွှေးမွှေး နက်စ် ကော်ဖီတစ်ခွက် ငါမသောက်ဖြစ်ခဲ့တာ ငါ့အိမ်မက်တွေ ကမ္ဘာတစ်ဖက်ခြမ်းမှာ အထပ်လိုက် ဆွေးနေကတည်းက . . . . သတိရခြင်းတွေ များနေတဲ့စိတ် ခဏခဏ သိမ်းဝှက်ရလွန်းလို့ ငါ့စိတ်နဲ့ ငါတောင် အတိတ်ရဲ့ အရိပ်တွေမှာ နေ့ နေ့ . . . ည ည သဟဇာတ မဖြစ်ခဲ့ဘူး ။ ငါခုန်ချလိုက်တဲ့ အနာဂတ်တွင်းနက် နေရာတိုင်းမှာ အချိုးအစား မညီဘူး လျှောက်နေရတဲ့ တစ်မျှော်တစ်ခေါ် ကမ်းပါး စောက်နက်လမ်း ပွန်းပဲ့မှုတွေ များလွန်းလို့ မင်းကို ကမ်းမယ့် ငါ့လက်တွေ ခုတ်ဖြတ် . . . . နှုတ်နဲ့တောင် မခေါ်ရက်ခဲ့ဘူး . . . . မင်းအတွက် ပေးဆပ်ချင်တဲ့ ခမ်းနားထည်ဝါမှု သမိုင်းအဟောင်းတွေ ငါ့အရှေ့က ဥသြသံပေး ထွတ်ခွါသွားတာ ကမ္ဘာ တစ်ပတ်တောင် ပြည့်လောက်ရောပေါ့ ပြန်ဆိုက်လာဖို့ ငါ့ဘူတာ . . . သူတို့ ရှာမတွေ့ခဲ့ကြဘူး ။ ယုံကြည်ချက် . . . တစ်နေ့တစ်လံ ပုဂံဆီလဲ မပြေးဘူး ငါ့လမ်း ငါလျှောက် ကုန်းကောက်စရာ မရှိတော့ရင်တောင် မင်းအတွက်ပေးဖို့ သစ္စာနဲ့ မေတ္တာ ငါ့မှာ ကျန်ပါသေးတယ် . . . . .

1 comment:

Wundwin said...

အရမ်းကောင်းတယ်ဗျာ

လူကြည့်အများဆုံး စာတိုပေစများ