ကျွန်တော်နဲ့ ညလင်းအိမ် ( ကိုတူး ) တို့ ကဗျာ အတူတူ မစပ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။ မနေ့တနေ့က ကျွန်တော်တို့ ညီအကို နှစ်ယောက် အလုပ်အားနေတဲ့ အချိန် ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ နှစ်ယောက် အတူတူ ကဗျာရေးဖြစ်ခဲ့ကြပါတယ် ။ နှစ်ယောက်လုံးက အလွမ်းကဗျာသမားပီပီ အလွမ်းကဗျာကိုပဲ ရေးဖြစ်ခဲ့ကြတာပါ ။
ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ
မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့
လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင်
မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ
သေရမှာ မကြောက်မှတော့
မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး
ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း
နေနိုင်တဲ့သူပဲလေ . . . ။ ( ညလင်းအိမ် )
နေတစ်ခေတ် လတစ်ခေတ်နဲ့
သက္ကရာဇ်ကတောင်
ဆယ်စုနှစ်အဟောင်းတွေ ချွေချလိုက်ပြီ
ဆောင်းပျိုငယ်က နွေကျဲကျဲ သုတ်ချသွားတာတောင်
ကျွန်တော့်အိပ်မက်တွေ အခုထိ ချိုနေတုန်းပါပဲ
ဆေးခါး ကြိုက်နေမှတော့
သကာလိုက်လည်း မမှီတော့ဘူး
အချစ်ရူးဆိုတာ ထန်းလျှက်ကျွေးလည်း
ခါးနေမယ့်သူပဲလေ . . . ။ ( လင်းခေတ်ဒီနို )
ကျွန်တော်ဆိုတဲ့ ကျွန်တော်
အဲဒီ အလွမ်းတစ်သုတ်နဲ့ပဲ
ဒဏ်ရာတွေ မိုးစုန်းစုန်းချုပ်ရင်း
ဆောင်းတစ်ညကို နောက်ပြန်လျှောက်ကြည့်တယ်
တကယ်တော့ အချစ်ဆိုတာ
နူးညံ့ကြွရွနေတဲ့ ကချေသည်တစ်ပါး
သစ္စာဆိုတာ သူ့အတွက်
ဖန်ဆင်းမှုကို အရောင်တင်ထားတဲ့ အရပ်သုံးစကား
မျှော်လင့်ခြင်းဆိုတာ ကြွေကျသွားတဲ့
ကြယ်ပျက်တစ်လုံးလိုပဲ . . .
သတိရပေးပါ ဒီဇင်ဘာရယ်
အချမ်းပို ဆောင်းညတွေမှာ
ကြက်ခြေမခတ်နိုင်တဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတဲ့အခါ
ဆုတောင်းသံ သဲ့သဲ့လေးတော့ မင်းကြားနိုင်ပါစေကွာ . . . . ။ ( ညလင်းအိမ် )
ကျွန်တော်ဆိုတဲ့ ကျွန်တော်
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
အလွမ်းခြေရာ ပြန်ကြည့်ရင်း
အဲဒီညနေကို ခြေကျင်လျှောက်ကြည့်တယ်
တကယ်တော့ နာကျင်မှုဆိုတာ
သေငယ်ဇောနဲ့ မျှောနေတဲ့ ကြယ်တစ်လုံး
သံယောဇဉ်ဆိုတာ သူ့အတွက်
အခွံနွာထားတဲ့ ပဒိုင်းသီးဖတ်စာ
တမ်းတခြင်းဆိုတာ မျက်ရည်ကျနေတဲ့
ကောင်းကင်တခြမ်းလိုပဲ . . .
နှုတ်ဆက်ပါတယ် ဒီဇင်ဘာရယ်
ညနေခင်းလေးမှာ
နီညိုရောင် တောင်ပံတွေ ဖြန့်ခင်းလာတဲ့အခါ
နာကျင်ခြင်းမဲ့စွာ မင်းပျော်နိုင်ပါစေကွာ . . . . ။ ( လင်းခေတ်ဒီနို )
စံပယ်ရုံ ရနံ့တွေက
သင်းကနဲ လှိုက်ကနဲ
ငါ့ အာရုံတွေ အလင်းပျောက်တယ် ဒီဇင်ဘာ . . .
ဒီလို နံနက်ခင်းတိုင်းမှာ စကားသံတချို့
ဒိုင်ယာရီထဲ ကျပျောက်ခဲ့တာပါပဲ
ခပ်တိတ်တိတ် ရှိုက်မိတဲ့ ဝေဒနာ တစ်ဝက်လောက်ကို
ကဗျာတွေထဲ ရောသောက်လိုက်တယ်
သွေးကြောထဲက တင်းမာလာတဲ့
မာန တချို့ကို စိတ်ဖြာကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့ မျက်ရည်တွေ
မင်းအတွက် ကျလို့ မလောက်သေးပါလားကွယ် . . . . ။ ( ညလင်းအိမ်)
စွယ်တော်ရွက် ကြွေသံလေးတွေက
ဖောက်ကနဲ ဖောက်ကနဲ
ငါ့ရင်ဘတ်တွေ နာကျင်တယ် ဒီဇင်ဘာ . . .
ဒီနှစ် ဖေဖော်ဝါရီလဆန်းတုန်းကလည်း
သစ္စာတွေ အလွမ်းရောင် ပြောင်းခဲ့တာပဲ
ခပ်ရှိုက်ရှိုက် နမ်းမိတဲ့ အလွမ်းတစ်ဝက်လောက်ကို
ကဗျာတွေထဲ ငှဲ့ချလိုက်တယ်
ရင်ဘတ်ဟောင်းထဲက ဖြာထွက်လာတဲ့
သတိရခြင်းတွေကို ကောက်ယူကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့သစ္စာတွေ
မင်းအတွက် ဖြူစင်နေတုန်းပါပဲကွယ် . . . . ( လင်းခေတ်ဒီနို )
ဒီဇင်ဘာ . . .
နှစ်လွှာတစ်ရွက်ပါလို့ ပြောခဲ့တဲ့
စွယ်တော်ရွက်လေးတောင်
ကျကွဲသွားပြီပဲ
ကိုယ်တို့ နှစ်ယောက်လည်း
နှုတ်မဆက်ပဲ ကျောခိုင်းကြတာပေါ့
ဒါပေမယ့် ကောင်မလေးရယ် . . .
နွေဦးပေါက်လို့ မြူမှုန်တွေ ပျောက်သွားခဲ့ရင်
သစ္စာပန်းအထပ်ထပ်နဲ့
မေတ္တာလမ်းဆက်ခဲ့တဲ့
ဆောင်းကြွင်း တစ်နေရာက
ဟောင်းနွမ်းပေတေနေတဲ့ သူတစ်ယောက်
စံပယ်ဖြူပွင့်တွေနဲ့ အတူ
နာမည်သုံးလုံးကို သီကုံးနေလိမ့်မယ်ဆိုတာတော့
ရာဇ၀င်ထဲက ဒီဇင်ဘာက ပြောပြနေဦးမှာပါ . . . . ။ ( ညလင်းအိမ် )
ဒီဇင်ဘာရောက်ရင်
ငိုကြွေးနေတဲ့ ကြယ်တွေအောက်မှာ
ငါ့ ရင်ခုန်သံတွေ ယိုင်နဲ့တယ်
အိမ်မက်တွေ အညတရ ဆန်ခဲ့တယ်
စံပယ်ဖြူလို ရိုးသားပြခဲ့ဖူးတဲ့
ကဝေပျိုမငယ်လေးရယ် . . .
ဒီနေ့ မိုးမရွာပေမဲ့
ဥပေက္ခာတွေ နင့်နင့်သည်းသည်း ပြိုကျခဲ့တယ်
ကျေနပ်ခဲ့ပါတယ် . . .
နှင်းစက်လေးတွေ တစက်စက် ကြွေအကျမှာ
ငါ့သစ္စာပန်းခင်းဟာလည်း
အလွမ်းပင်လယ် ဖြစ်ခဲ့ဖူးပြီးပဲ
သွားပါတော့
ဒီဇင်ဘာရယ်. . .
ဘာမှမကျန်တော့တဲ့
ရနံ့မဲ့ သစ္စာဟောင်းတွေကို
ခိုးဝှက် ရှိုက်နမ်းရင်း
ငါဟာ ရင်ခွင် ကောင်းကင်မဲ့နေဦးမယ့်သူပါ . . . . ။ ( လင်းခေတ်ဒီနို )
ညလင်းအိမ် ၊ လင်းခေတ်ဒီနို ( 22.3.11 ၊ 00း18 AM )
.
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
14 comments:
မိုက္တယ္ကြ..
စကားလုံးတိုင်း လှပ ဆန်းသစ်နေတော့တာပါပဲ
ဒီဇင်ဘာတော့ ဒီနှစ်ယောက်အတွက် တော်တော်လေး နာကျင်စရာကောင်းနေလားမသိ။
ကျွန်မကတော့အေးချမ်းတဲ့ ဒီဇင်ဘာကို ချစ်၏။ ။
ခင်မင်တဲ့
မွန်
ကဗျာဆရာ(၂)ယောက်ပေါင်းမှတော့ ...
အလွမ်းကဗျာကောင်း တစ်ပုဒ်ဖြစ်လာပြန်တာပေါ့...။
အမလေး အလွမ်းတွေ အလွမ်းတွေ မွှန်ထူနေတာပဲ ..
း)
လွတ်ဆွတ်ခြင်းမှ ကင်းဝေးပါစေ
ဗညား>> ရော့ နင့်ဖို့ ဇီးထန်းလျှက် .. ဇီးယိုလောက်တော့ မစွမ်းလောက်ဘူးထင်တယ် .. :P ဒါပေမယ့် ပဒိုင်းသီးတော့ မစားနဲ့ :P
Fantastic ... Wonderful... Awesome....
ခင်တဲ့
မိုးငွေ့
လျှော့ကြပါအုံး အကိုတို့ရယ် ...:P:P
ဒီမှာ လွမ်းရလွန်းလို့ ရင်ဘက်တစ်ခုလုံး
အစတွေထွက် ဖွကြဲကုန်ပြီ...အဟီး
စတာ..စတာ...အရမ်းမိုက်တယ်..
နည်းနည်းတော့ လျှော့လွမ်းပါနော်...:D
ကောင်းသောနေ့လေး ဖြစ်ပါစေအကိုရေ...
လျှော့ကြပါအုံး အကိုတို့ရယ် ...:P:P
ဒီမှာ လွမ်းရလွန်းလို့ ရင်ဘက်တစ်ခုလုံး
အစတွေထွက် ဖွကြဲကုန်ပြီ...အဟီး
စတာ..စတာ...အရမ်းမိုက်တယ်..
နည်းနည်းတော့ လျှော့လွမ်းပါနော်...:D
ကောင်းသောနေ့လေး ဖြစ်ပါစေအကိုရေ...
ကိုတူးနဲ့ ဗညားရေ...
လွမ်းသွားတယ်... ကဗျာတွေ ဖတ်ပြီးတော့..
ခံစားချက်တွေ လာယူတာ.. ဇူး ကဗျာ ရေးဖို့ ခံစားချက်တွေ ပျောက်နေလို့...
မောင်လှမျိုး ၀တ္ထုတွေကို တန်းတန်းစွဲ ဖတ်ခဲ့သူတစ်ယောက် ကိုဗညားတို့ ကဗျာတွေ သဲသဲမဲမဲ ဖတ်ရတော့မဗျို့။
ဒီဇင်ဘာအလွမ်းဓာတ်ခံရှိသူကို
ဒီကဗျာက ပိုပြီးနက်ရှိင်းသွားတယ်
လာရောက်အားပေးသွားပါ၏....
ကဗျာတွေကကောင်းလိုက်တာ
သေရမှာမကြောက်မှာတော့
မိုးကြိုးနဲ့ပေါက်လည်းဘာမှမဖြစ်ဖူး ရေရေလည်လည်မိုက်စ်
ထန်းလျှက်ခါးတယ်ဆိုတော့
ကြက်ဟင်းခါးသီးပြောင်းစားကြည့်ပါလား ချိုရင်ချိုနေမှာ ပြောင်းပြန်တွေးကြည့်တားD (စလိုက်တာပါ)
လွမ်းကဗျာတွေကကောင်းလွန်းတော့ ခံစားပြီးရေးတဲ့သူတွေတွက် ပျော်ရွှင်တဲ့ဒီဇင်ဘာတွေရှိလာနိုင်ပါစေ...
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကဗျာဓာတ်ခံ အရမ်းနည်းလို့
ဘယ်ကဗျာမှ ဆုံးအောင် မဖတ်ဖူးဘူး။
ငါ့ညီ နှစ်ယောက်ရဲ့ ကဗျာကိုတော့
ဆုံးအောင်ဖတ်လိုက်မိတယ်။
ဘာဖြစ်လို့ပါလိမ့်...နော်
ကလောင်သွားထက်ထက်တွေနဲ့
ကဗျာတွေ စစ်ခင်းမှတော့
အလွမ်းတွေ မြေစာပင်ဖြစ်ရတာပေါ့
ရတနာ
ကလောင်သွားထက်ထက်တွေနဲ့
ကဗျာတွေ စစ်ခင်းမှတော့
အလွမ်းတွေ မြေစာပင်ဖြစ်ရတာပေါ့
ရတနာ
Post a Comment