သူမက
ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်းပဲ
နွေကျဲကျဲ
တံလျှပ်ထနေတဲ့ ကိုယ့်ဘ၀ထဲတော့
ဘယ်လာချင်ပါ့မလဲ
ရင်နဲ့
ထွင်းခဲ့ကြတဲ့ ချစ်ခြင်းဆိုပေမဲ့
တစ်ယောက်နဲ့
တစ်ယောက် မလင်းပွင့်ခဲ့ကြမှတော့
အဲ့ဒီ
. . . တညနေ မှာပဲ
အိပ်မက်ကို
ဆွဲခွါပြီး
အလင်းသဲ့သဲ့ကို
မှုတ်ငြိမ်းခဲ့ကြပေါ့ ။
ဘယ်လို
အငြိုးမျိုးနဲ့
ပန်းတွေကို
အဆိပ်လူးထားခဲ့တာလဲ
ရပါတယ်
ဘ၀က
မင်းလက်ထဲမှာပဲဟာ
သေမင်းခေါ်တဲ့
လမ်းဆိုရင်တောင်
အဲ့ဒီ
အဆိပ်ပန်းကို ရင်ဘတ်မှာ ထိုးပြီး
ငါလိုက်သွားမယ်. . .
မိုက်မဲမှုဆိုတာ
ကျကျနန
ငါရွေးချယ်ခဲ့တဲ့ လမ်းပေါ့ ။
လမ်းဆုံး
အဆုံးမရှိတဲ့
လမ်းကိုမှ ငါတိုးဝင်နေတယ်
ဒဏ်ရာတွေဆိုတာ
ငါ့
ခန္တာကိုယ်ပေါ်က အသီးအပွင့်တွေေ
နာကျင်မှုကို
မြိန်ရည်ရှက်ရည်
ငါ ခူးစားလိုက်တယ်
ဘယ်သူမှားခဲ့လဲ
ကိုယ့်အမှန်တရားနဲ့ကိုယ်
မိုးစုန်စုန်
ချုပ်ခဲ့ကြပေါ့ ။
ချစ်ရက်နဲ့
လမ်းခွဲခဲ့တာလား
လခြမ်းကို
မြင်လို့
ကြယ်မှုံကို
ထားခဲ့တာလား
မီးပွင့်မတတ်
ခါးထောက်ပြီး
ငါ့အပြစ်လို့
ဆိုမှတော့
ကောင်မလေးရေ
. . .
တစ်ယောက်
တစ်ကမ္ဘာစီပဲ
. . . . .
. . . . .
ကြေကွဲ
လိုက်ကြရုံပေါ့ ။
လင်းခေတ်ဒီနို
( 24.9.13 )
5 comments:
အလှမ်းဝေးတဲ့ ကြယ် များ အတွက် လမ်းဆုံး ဟာ သေမိန့်
...... :(
ဒီကဗျာက နူးညံ့လွန်းတာ မဟုတ်ပေမယ့် နည်းနည်းတော့ ပျော့သလိုပဲ..
ရသ နောက်တစ်မျိုးပေါ့
တစ်ကမ္ဘာစီဆိုတော့ ဝေးပြီပေါ့.......
ဒီလိုပဲ ကိုယ့်အမှန်တရားနဲ့ ကိုယ် မိုးချုပ်ခဲ့ဖူးသူ
မောင်ဘကြိုင်
လမ်းဆုံးတိုင်အောင် ချစ်မဲ့သူပါလား ကိုဗညားရေ ကဗျာလာဖတ်တယ်
ဗညားရေ.. ကဗျာလေးတွေ ပြန်ဖတ်ခွင့်ရလို့ ဝမ်းသာတယ်...
ချစ်ခင်စွာ
မဒါ
Post a Comment