Wednesday, April 28, 2010
မှတ်တိုင်
Saturday, April 17, 2010
ဂန္တ၀င်ဆန်ဆန် ည . . .
Saturday, April 10, 2010
ကဗျာတွေထဲ တိမ်တွေ သေနေတယ်
အမေ့ခြေရင်း ထာဝရ ဦးချကန်တော့ပါရစေ
အရူးရင့်စိတ်
တနင်္ဂနွေ သတို့သမီး
အရိုင်းဆန် ည
ဆောင်းကွယ်ညရဲ့ နှင်းပွင့်ချိန်
အိမ်မက်နဲ့လင်းတဲ့ ဘယ်ဘက်ရင်အုံ
“ရင်ဘတ်ပွင့်ထွတ်နေသူ တစ်ယောက်ရဲ့ နေ၀င်နေထွတ်ရာသီ”
. . ရူး . .
ကျောခိုင်းလိုက်ပါတော့ ကြယ်လေး
စိတ်
ဘယ်ဘက်ရင်အုံမှာကြွေခဲ့တဲ့ အလွမ်းခြေရာ
သောကြာကြယ် ညည်းချင်းတမ်းတဲ့ ည လမင်းက ကောင်းကင်ကို ကျောမှီထိုင်လို့ မီးတောက်နေတဲ့ ငါ့အိမ်မက်ကို လှောင်ရီလို့ ကြည့်နေလေရဲ့ . . . . . .
တစ်ဖျောက် နှစ်ဖျောက်စိုရင်းနဲ့ ရွှဲတယ်
ဗလာကျင်း အခန်း
ဇောက်ထိုး မိုးမျှော် ကမ္ဘာ
ပန်းနာရင်ကျပ် ဖြစ်နေတဲ့ကမ္ဘာ
ညမဲမဲရဲ့ တံလျှပ်တွေ ငါ့ခန္တာကို ဖောက်ထွက်နေတယ် နတ္ထိကျင်းတဲ့ အထက်ပိုင်းက ချွေးသီးချွေးပေါက် ဇာတ်လမ်းမှာ ဗီလိန်လို သရုပ်ဆောင်ရတယ် မပျက်ပဲ မလည်ပတ်နိုင်တဲ့ နိုင်ငံခြားလုပ် အဲယားကွန်း အားတုံ့အားနာနဲ့ ငါ့ကို လှမ်းကြည့်တယ် မီးပျက်နေလို့ပါတဲ့ . . . . . . . . . . . . မနေ့ရဲ့ မနက်ဖြန် ကြေးစားဆန်တဲ့ အိုင်တီခေတ် အချစ်ကို လက်တော့ပ် နဲ့ တွက်ချက်တယ် အိမ်ထောင်ပြုဖို့ စီးတဲ့ကားကိုကြည့်ကြတယ် နှလုံးသားဆိုတာ အပျင်းပြေ ပြဇာတ်တစ်ပုဒ် လက်တွေ့ မှာ စက်တွေ တပ်တယ်
လူတကိုယ်လုံး စက်တွေ တပ်ထားတယ် ခြေထောက် တွေမှာ စက်တွေ တပ်တယ် နှလုံးမှာ စက်တွေ တပ်တယ် ဦးနှောက်မှာပါ စက်တွေ တပ်မလား လူတွေက စက်တွေ ဖြစ်လို့ စက်တွေ က လူတွေ ဖြစ်နေကြတယ် . . . . . . . . . . . . ကမ္ဘာကြီးက ဖောက်ပြန်ခြင်းနဲ့ မှောက်မှားမိပြီး ထင်ပါရဲ့ မွေးလာလိုက်တာ အကြမ်းဖက်ခြင်း နဲ့ စီးပွါးပျက်ကပ် ညဘက်မှာ ညည်းငြူသံတွေ ဆူလို့ နေ့ဘက်မှာ နှူးကလီယားသံတွေ မြူလို့ မဟာလူသားတွေရဲ့ မျိုးဆက်တွေ ကျောက်ခေတ် ပြန်သွားဖို့ လုပ်နေ လှုပ်ရှားမှုကင်းမဲ့တဲ့ စက်ရုံကြီးတွေ နှလုံးခုန်သေးရဲ့လား ပန်နာရင်ကျပ်ဖြစ်နေတဲ့ ကမ္ဘာကြီး ဓာတ်စာ စားဖို့ လိုအပ်နေပြီး . . . . . . . . . . . . . .
အတောင်ပံတစ်စုံရဲ့ ရင်ခတ်သံ
ကျွန်တော် ဘေးနားမှာ ရှိနေခဲ့တာ ကျွန်တော့် ကဗျာတွေ . . . .
ဗီးနပ် နက္ခတ်တွေ ပွင့်တဲ့ နတ်ဆိုးရဲ့ အခန်းငယ်
ငါမုန်းတဲ့ တစ်ခြမ်းပုပ် ငါ့အတ္တတွေ မြေမြုပ်ထားတာတောင် အနံက " ထောင်း " ကနဲ ထွတ်လာတယ် . . . . . . . . မစိုစေချင် သူကိုမှ ရွှဲမိစေတဲ့ ငါ့အတ္တမိုး တစ်စက် ငရဲမီးထဲတွန်းချလို့ ပြာချလိုက်ချင်ပါရဲ့ . . . . . . . . မှားမိတဲ့ အမှားသံသယတွေ အတွက် ဟိုးးး ကောင်းကင် ရင်ခွင်ထက်မှာ မင်းနာမည် သုံးလုံး စာစီကုံးလို့ ငါ့ ရာဇ၀င်အိုထဲ မင်းရဲ့ခွင့်လွတ်အနမ်းတွေ မျှော့်လင့်ချင်ပါသေးရဲ့ ကဝေပျိုငယ် . . . . . . . .
ကျိန်စာမိတဲ့ နတ်ဆိုးနန်းတော်
ညီမလေး သော့ခတ်သွားတဲ့ အလွမ်းရာသီ
အလွမ်းတွေက အလွမ်းတွေကို မိုးလို့
အကျဉ်းကျအိပ်မက်
ဘာမှ လှုပ်လို့မရတဲ့ နေ့
ဘာတစ်ခုမှ လုပ်လို့မရတဲ့ နေ့တစ်နေ့ ခြေလေးချောင်းနဲ့ ရပ်နေတဲ့ ကွပ်ပစ်ပေါ် လေးလေးပင်ပင် ခန္တာကိုယ်ကို အပုံလိုက်တင်လို့ ကြယ်မနေတဲ့ ကောင်းကင်ပြတင်းပေါက်ဆီ စိတ်ကို လွတ်တင်ထားရဲ့ ……………………………
အေးအေးဆေးဆေး အနားယူမလို့လုပ်တုန်း ရေမရှိတဲ့ အိုင်ထဲက ကိုဂုံညင်း အရှက်မရှိတဲ့ သူ့အာသံဗြဲနဲ့ သီချင်းအော်ဆိုနေရဲ့ စိတ်တိုလာတယ် ……. “ဟေ့ကောင် ဂုံညင်း တိတ်စမ်းကွာ ငါ မင်းလည်ပင်း လိမ်ချိုးမိတော့မယ်” ……………………………….
စိတ်ကြီးရယ် ညစ်ပါပေ့ စိတ်ညစ်ရတဲ့ အထဲ သူကဗျာတွေ အတင်းလိုက်ဖတ်ခိုင်းပြီး သူများကဗျာတွေ လိုက်မဖတ်ပေးတဲ့ ကဗျာဆရာ သူရဿဝါလည်း ပါရဲ့ ………………………………
လူပုံစံက ပိန်ကပ်ကပ် ခန္တာကိုယ်မှာ စပုတ်တံတွေ ထောက်ထားတယ် ကိုယ်မှာ စောင်ပတ်ထားရင် အရောင်ခပ်မွဲမွဲ ၀ါလုံးတစ်လုံးနဲ့ တူပါရဲ့ အယ် ……………. ဒီကောင်ကိုရော လည်ပင်း လိမ်ချိုးထားရင် ဘယ်လိုပုံ ဖြစ်နေမှာလဲ …………………………..
အင်း....... တစ်နေကုန် လှုပ်လို့မရဘူး တစ်နေကုန် အဆင်မပြေဘူး ဘယ်သူနဲ့မှ ကီးမကိုက်ဘူး ဒီတော့ …………… ကိုယ်အခန်းထဲ ကိုယ်ဝင် လောင်းကုတ်ရှည်ရှည် ၀တ်ထားတဲ့ ပလက်ကုလားထိုင်ပေါ် ထိုင် ကိုယ့်မျက်လုံးတွေ ကိုယ်ဖောက်ထုတ်ပြီး ကိုယ့်နားတွေ ကိုယ်မြေဖို့ပစ်လိုက်တယ် “---------------------------------- ” …………………………….အနတ္တကဗျာဆရာ
ခေါင်းစဉ် စဉ်းစားမရတဲ့ ကဗျာ
တနေ့ကျရင် ကိုယ်အသည်းနှလုံးကို
မင်းပိုင်စိုးသွားမယ်ဆိုတာ
ကိုယ်သိနေတယ် ချစ်ရသူရယ်
မင်းတော်ပါပေတယ် ချစ်ရသူ၇ယ်
မျှားတစ်စင်း စစ်သည်တစ်ဂျိပ် မသုံးရပဲ
ကိုယ်နှလုံးသား မြို့ရိုး ခံတပ်ကို
မင်းဖောက်ဝင်သွားခဲ့တယ်
ဒါပေမဲ့ မင်းကတော့ ကိုယ်ကို
ရှူံးနိမ့်တဲ့ စစ်သည်သုံ့ပန်းတစ်ယောက်လို
ရှိတယ်လို့တောင် သဘောမထာ်းခဲ့ဘူး
ကိုယ်ကျေနပ်ခဲ့ပါတယ် ချစ်သူ
မင်းရဲ့အသည်းနှလုံးနန်းတော်တံခါး
ရှေ့မှာ မြေကြီးကို သလွန်လုပ်
ကောင်းကင်ကို အမိုး မိုးပြီး
မင်းတံခါးဖွင့်ပေးတဲ့အထိ မင်းအချစ်ကို
ကိုယ် ဒူးထောက်မျှော်လင့်နေပါ့မယ်
ရင်ထဲမှာတော့ မင်းအတွက်
အကောင်အထည်မပေါ်သေးတဲ့ ကိုယ်အိမ်မက်တွေ
မတီးခတ် ရသေးတဲ့ ကိုယ်ဂီတသံစဉ်တွေ
မသီဆိုရသေးတဲ့ ကိုယ်တေးသံတွေ က
ကိုယ်နှလုံးသား စောင်းကြိုးမှာ တွဲခိုလို့
မင်းကို ဖျော်ဖြေဖို့ အသင့်ကြိုနေတယ်
ဆိုတာ မင်းလေးသိစေချင်တယ်
ချစ်ရသူရယ်
ခေါင်းစဉ်မဲ့ နောင်တ
ကိုယ်တို့နှစ်ယောက် ကြားမှာအချစ်ကို
ကစားစ၇ာ လုပ်တာမဟုတ်ပါဘူး ကောင်မလေး၇ယ်။
အော်မြည်နေတဲ့ မုန်တိုင်း ညတွေက ကိုယ်အပေါ် မကြာခဏ
ကျေ၇ာက်လာပြီး ကိုယ်မီးအိမ်လေးကို ငြိမ်းပစ်ခဲ့တယ်။
မဲမှောင်တဲ့ သံသယတွေဟာ ကိုယ်ကောင်းကင်က လင်းလက်နေတဲ့
ကြယ်ပွင့်တွေကို ဖုံးအုပ်ဝါးမျို သွားခဲ့တယ်။
ငိုညည်းသံ နဲ့ စိတ်ပျက်သံဟာ ကိုယ်ကောင်းကင်ကို
ဟိုဘက် ဒီဘက်နှစ်ခြမ်း ဟက်တက် ကွဲသွားစေခဲ့တယ်
ဒီအကြောင်းတွေ ကိုပြန်တွေးမိတော့
မင်၇ဲ့ အချစ်တွေထဲမှာ သေခြင်းတ၇ားရဲ့ အေးစက်တဲ့
ဥပေက္ခာတ၇ားမ၇ှိပဲ လေးနက်တဲ့ ဝေဒနာအချစ်ဒဏ်ချက်တွေ
၇ှိတယ်ဆိုတာ သိလိုက်၇ပေမဲ့ ကိုယ်အ၇မ်း
အသိနောက်ကျခဲ့ပါပြီး။ ကိုယ်ကို ခွင့်လွတ်ပါတော့ ကောင်မလေး၇ယ်။
နေ့တွေညတွေ သေတဲ့အချိန်
နှလုံးသားက တဖျတ်ဖျတ်နာလို့ ဦးနှောက်သွေးကြောက တဆတ်ဆတ် ခါလို့ အသိမဲ့အာရုံနဲ့ ငါမခိုင်းစေတဲ့ ငါခြေထောက်တွေက အလိုလိုရွှေ့လျှားရင်း ၀မ်းနည်းမှု မိုးပေါက်တွေက ပြင်းရှရှ ငါ့ကိုယ်ပေါ် ကျဆဲထိဆဲပါပဲ……….. မင်းအခါခါ လိမ်ခဲ့သမျှ အရူးတစ်ယောက်လို အခါခါယုံလို့ မင်းကန်းပစ်ခဲ့တဲ့ ငါ့မျက်လုံးတွေနဲ့ လမ်းမမြင်တော့တဲ့ ငါ့ရင်မှာ နင့်နင့်ထင့်ထင့် တစိမ့်စိမ့်စီးတဲ့ ၀မ်းနည်းမှု အဆိပ်တွေပြည့်လို့ ………….. " ကိုကို " တဲ့ ငါ့ကိုခေါ်တာမှ ဟုတ်ရဲ့လား မင်းခေါ်တဲ့ ကိုကိုထဲမှာ ငါက ဘယ်နှစ်ယောက်မြောက်ခဲ့ပါလိမ့် ငါမရှိတဲ့ မနက်ဖြန်မှာမင်းဘယ်နှစ်ယောက်များ
ကာရံမဲ့ အလွမ်း
အမှတ်ရနေအောင်လုပ်ခဲ့ပြီးမှ
မင်းကိုသိပ်ချစ်ခဲ့တဲ့ ငါ့နှလုံးသားထဲ
ချွန်မြနေတဲ့ စကားလုံးဓားတစ်လက်
သပ်လျွှိုထိုးသွင်းသွားပုံက
မင်းသိပ်တော်လွန်းပါတယ်.......
မပြီးဆုံးသေးတဲ့ သက္ကရာဇ်တွေထဲ
မင်းကို ငါလွမ်းတဲ့ရက်တွေက
တစ်နေတစ်ရွတ် ဆုတ်ခဲ့တဲ့
ရွတ်ဆုတ် ပြက္ခဒိန်တောင်
ခုဆို ၁၅၆ ရွတ်ပြည့်ခဲ့ပြီးလေ.......
မင်းယုံပါ့မလား
မင်းကိုလွမ်းတဲ့စိတ်နဲ့ ကျောင်းတော်ကြီးထဲမှာ
မင်းခြေရာတွေ့မလားလို့ ခေါင်းငုံရှာခဲ့တဲ့ငါ့ကို
အဓိပတိလမ်းမကတောင် လှောင်ရီလို့ပေါ့..
မင်းကိုတမ်းတတဲ့စိတ်နဲ့ ကျောင်းတော်ကြီးထဲမှာ
မင်းအရိပ်ကလေးများတွေ့မလားလို့ လိုက်ရှာခဲ့တဲ့ငါ့ကို
ဂျပ်ဆင်ကတောင် ဟားတိုက်လို့ပေါ့.......
တို့နှစ်ယောက်သွားဖူးခဲ့တဲ့
အင်းယားကန်ဘောင်ပေါ်မှာ
ဂစ်တာကိုတီး သီချင်းဆိုမိတဲ့အခါတိုင်း
မင်းကိုလွမ်းမိတဲ့ ငါ့နှလုံးသားရင်ခုံသံတွေတောင်
ခုထိ အတိုအရှည်မညီဆဲပါပဲလေ.......
မျက်ရည်မဲ့ ရင်ခွင်.......
နှင်းခတဲ့ ဆောင်းတစ်ည
ချမ်းအေးတဲ့ ဒီဟေမာန်
မြစ်ပြင်ကျယ် ဘယ်လိုပင်
အေးခဲသော်လည်း
ကိုယ်ရင်ခွင် အပူမီးကိုလ
အံတုလို နိုင်မယ်မထင်.....
မှောင်လွန်းတဲ့ ဆောင်တစ်ည
လမိုက်ကာ လင်းရောင်ပျောက်တယ်
နက္ခတ်မဲ့ ဒီရင်ခွင်
မျှော်လင့်ကာ စောင့်စားမှ
လမ်းပြမယ့် လမင်းငယ်
မင်းဘယ်ရောက်နေပါ့....
နွေးထွေးစွာ ဆုပ်ကိုင်ပေးထားမယ်လို့
ကမ်းလင့်သော မောင်လက်ဖ၀ါးတွေကိုဖြင့်
လှမ်းလင့်လို့ ခင်မယူငင်
မတွယ်ငင် ခင်လေးငြင်းလေတော့
ပျက်ကြွေပေါ့ မောင့်ဘ၀အစဉ်...
မကြင်သူ ခင်ကိုမှ
ချစ်မိတဲ့ ဒီနှလုံးသား
ရှုံးမှာကို ကြိုသိလျှက်နှင့်
မျက်စိကို စုံမှိတ်ကာ
ရူးမိုက်စွာ စွဲလမ်းပြီး
အံကြိတ်ကာ လည်စင်းခံခဲ့
မျက်ရည်မဲ့ ရင်ခွင်...
သြော်........
မျက်ရည်မဲ့ ရင်ခွင်...
အဆုံးအစမရှိတဲ့ လွမ်းဆွတ်ခြင်း
မင်းနဲ့ဝေးရပြီးလို့ ကိုယ့်ဦးနှောက်က
နာကျင်စွာ လက်ခံလိုက်ရချိန်
နှလုံးသားကတော့ လက်မခံနိုင်လောက်အောင်
ခါးသီးစွာ ငြင်းဆန်နေခဲ့တယ်...
မင်းနဲ့နီးရဖို မြားနတ်မောင်ကို အားကိုးမိခါမှ
သူပစ်တဲ့မြှားတစ်ချက်မှမထိ လွဲနေတာချည်းကတော့
ငါ့ဘ၀ရဲ့ ဆိုးလိုက်တဲ့ကံတရားလားကွာ...
ကြေကွဲစွာ ရူးမတတ်ဖြစ်ခဲ့တဲ့ ငါ့ဘဝ
နာကျင်မှုဆိုတာ ဘာလဲလိုမေးရလောက်အောင်ကို
နှလုံးသာက ဒဏ်ရာတွေနဲ့ ထုံကျင်နေခဲ့တယ်...
အဆုံးအစမရှိတဲ့ လွမ်းဆွတ်ခြင်းက
အဆိပ်ရှိတဲ့ ဆူးတစ်ချောင်းလို
ငါရင်ထဲမှာ စူးစူးနစ်နစ်ဝင်နေတာက
နှလုံးသားကို တဆစ်ဆစ်နာကျင်နေစေတယ်
အဲဒီနာကျင်မှု ကျန်ရစ်ဖူးသူသာသိမှာပါ
သြော်........
ကျန်ရစ်ဖူးသူသာသိမှာပါ..
သက်ထား
သံယောဇဉ် နှင့်တည်ထား
နှလုံးသား ဖြင့်ဖွဲဆောင်
ချည်နှောင်သည့် ဤကြိုး
မြတ်နိုးနေမှန်းမသိ
ချစ်နေသည့် စိတ်များ
နှလုံးသားက နားမလည်ခဲ့
ရင့်သန်ခဲ့ ချစ်စိတ်တွေ
တိုးတိတ်စွာ အိပ်နေသမျှ
နှလုံးသားက သိစဉ်
အလွန်ပင်နောက်ကျ
နောင်တဖြင့် ၀မ်းနည်း
သောကတွေ ကျန်ရစ်ခဲ့လေသမျှ
သြော်.........
ကိုယ်သက်ထား မသိစေချင်............
တနေမှာ ပွင့်လန်းလာလိမ့်မယ်လို့
မျှော်လင့်ရင်း စောင့်စားမှူ့တွေနဲ့
ကိုယ့်အချစ်တွေ ရှင်သန်ခဲ့လေသမျှ
ရက်များစွာ ကြာညောင်းခဲ့သော်လည်း
လွမ်းစေရာ အဖြစ်များသာပဲ
ကြေကွဲကာ ဝေဒနာများစွာဖြင့်
ရင်ထဲမှာ နှလုံးသားတွေကြွေကာသွားလေတော့...........
မြတ်နိုးစွာ ချစ်နေတတ်ပါရဲ့ ကိုယ်ရဲ့ရင်မှာ
ကြေကွဲမှာ ကြိုသိခဲ့ပေမဲ့လည်း
တနေ့မှာ သူ့လက်တွေကမ်းလာလိမ့်မယ်လို့
မျှော်လင့်ကာတမ်းတခဲ့လေသမျှ
သြော်......(အခုတော့)
ကိုယ့်သက်ထား တကယ်စိမ်းရက်ခဲ့ပြီးပေါ့...............
မင်းသင်ပေးခဲ့တဲ့ အလွမ်း
ကောင်မလေးေ၇
ငါ့ဘေးနာမှာမင်းမရှိတော့
အဖော်မဲ့ အထီးကျန်စွာ
အနာဂတ်လမ်းမပေါ်
ငါတစ်ယောက်တည်း
လျှောက်လှမ်းနေတဲ့အချိန်
မျက်နှာပြင်ပေါ်ဖြတ်တိုက်
ငါ့ကိုနမ်းရှိုက်ဆော့ကစားသွားတဲ့
လေပြေတွေကတောင်
ရင်ထဲက အပူအလွမ်းလေးကို
ပြင်းပြင်းပြပြ ခံစားစေရတယ်
ကောင်မလေးရယ် မင်းသိခဲ့ရဲ့ လား
တချိန်တုန်းက ငါမခံစားတတ်ခဲ့တဲ့အလွမ်းတွေကို
အခု အချိန်တိုင်း ခံစားတတ် လွမ်းတတ်လာအောင်
မင်း သင်ပေးသွားခဲ့ ပြီပေါ့ ကောင်မလေးရယ်
နှလုံးသားတွေ ကွဲအက်
နှလုံးသွေးတွေ ခန်းခြောက်
သည်းခြေပြတ် အရူးတစ်ယောက်လို
ဖြစ်သွားတာတောင်
မင်းသင်ပေးခဲ့တဲ့ အလွမ်းတွေ ကို
ကိုယ်ထာဝရ ထွေးပိုက်ထားမှာပါ
အလှချင်းရယ် မှီနိင်ပါ့
ချမ်းအေးကြည်လင်တဲ့ ညကလေးမှာ
ကောင်းကင်က ကြယ်ကလေးတွေ
ဘယ်လိုပင် တောက်ပ တောက်ပ
ငါ့ရင်ထဲက မင်းကလေးရဲ့
မျက်ဝန်းကိုတော့ ဘယ်မှီနိုင်ပါ့
ချမ်းအေးကြည်လင်တဲ့ ညကလေးမှာ
ကောင်းကင်ပေါ်က လမင်းလေး
ဘယ်လိုပင် လှပ လှပ
ငါ့ရင်ထဲက မင်းကလေးရဲ့
အလှတရားကိုတော့ ဘယ်မှီနိုင်ပါ့
နန်းထိုက်ရယ်တဲ့တော်ဝင် မြတ်ပန်းသဇင်က
ဘယ်လိုပင် တင့်တယ် တင့်တယ်
ငါ့ရင်ထဲက မင်းကလေးရဲ့
မဟာဆန်တဲ့ တင့်တယ်မှူကို ဘယ်မှီနိုင်ပါ့
စံပယ်ကလေးက သင်းထုံလှိုင်ကာ
ဘယ်လိုပင် မွေးကြိုင် မွေးကြိုင်
ငါ့ရင်ထဲက မင်းကလေးရဲ့
သင်းပျံ့ ထုံးမွေးတဲ့
ကိုယ်သင်းရနံ့ ကိုတော့ ဘယ်မှီနိုင်ပါ့
ပုရိသယောင်္ကျား မင်းမြတ်တွေ မင်းကလေးကို
ဘယ်လိုပင် ချစ်တယ် ပြောပြော
ငါ့ရင်ထဲက မင်းကလေးကို
ချစ်တဲ့ အချစ်ကို ဘယ်မှီနိုင်ပါ့
ကောင်မလေးရယ်
တိတ်တခိုးအချစ်
မင်းကိုပြောရမယ့် အလေးနက်ဆုံး
စကားတွေကို ပြောချင်နေတာကြာလှပြီးကွယ်
ဒါပေမဲ့ မင်းရယ်မှာစိုးလို့ ကိုယ်မပြောဖြစ်ခဲ့ဘူး
ဒါကြောင့်မို့ကိုယ့်ကိုယ် ကိုပြန်ရယ်ပြီးလျိုဝှက်ချက်ကို
လှောင်စရာတခုအနေနဲ့ ဖျောက်ဖျက်ပစ်ထားခဲ့တာပါ
မင်းကိုပြောစရာရှိတဲ့ အမှန်ကန်ဆုံးစကားတွေကို
ပြောချင်နေတာကြာပြီးကွယ် ဒါပေမဲ့ မင်းမယုံမှာစိုး၇ိမ်တယ်
ဒါကြောင့်မို့ဒီစကားတွေကို မုသားအဖြစ်ဟန်ဆောင်
ကိုယ်ဝေဒနာကို ၇ယ်စ၇ာဖြစ်အောင်လုပ်ပြီး
မင်းကို ပျော်ရွင်အောင် ကိုယ်ဖျော်ဖြေခဲ့တာပါ
မင်း မယုံမှာ စိုး၇ိမ်လို့ပေါ့ ကောင်မလေး၇ယ်
မင်းကိုပြောစရာ၇ှိတဲ့ အဖိုးတန်ဆုံး စကားတွေကို
ပြောချင်နေတာကြာပြီပေါ့ကွယ်
ဒါပေမဲ့ တန်ရာတန်ဖိုး ပြန်မ၇မှာ
စိုး၇ိမ်ကြောက်ရွံ့လွန်းလို့
မပြောဖြစ်ခဲ့တာပါ ကောင်မလေးရယ်
မင်းဘေးမှာ တိတ်တိတ်လေး
ထိုင်နေခဲ့တာနှစ်ပေါင်း ကြာပြီးပေါ့ကွယ်
ဒါပေမဲ့ ကိုယ်နှလုံးသားထဲက
စကားတွေကို ထုတ်မပြောရဲခဲ့ပါဘူး
ဒါကြောင်မို့ အေ၇းမကြီးတဲ့ အသေးအဖွဲ
စကားတွေကို လျှောက်ပြောပြီး
ကိုယ်နှလုံးသားကို စကားလုံးတွေရဲ့
နောက်မှာ ဖုံးကွယ်ထားခဲ့တယ်
ကိုယ် ဝေဒနာကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တယ်
မင်း စိတ်ညစ်မှာ စိုး၇ိမ်လို့ပေါ့ကွယ်
မင်းပြောတဲ့ စကားလုံးတွေ နဲ့
မင်း မျက်ဝန်းအကြည့်တွေ ရဲ့
ထိုးနက်ချက်ဟာ ကိုယ်ဝေဒနာကို
အမြဲအသစ်ဖြစ်စေခဲ့တယ် ကောင်မလေးရယ်
သူငယ်ချင်း
ချစ်ခြင်းကမ်းခြေ
အချစ်ရယ် မင်းရဲ့မာယာတွေကို ဘေးချပြီး ကိုယ့်ကိုပွေ့ဖက်ဖို့ မင်းရဲ့နှလုံးသားကို အနားပေးလိုက်ပါတော့ မင်းရဲ့အထိအတွေ့ဟာ အရည်ပျော်နေတဲ့ ကိုယ်နှလုံးသားကို ခန္တကိုယ်ရဲ့ အစွန်အဖျားကိုရောက်အောင် ပို့လိုက်ပါတော့။ အို..... ခေါင်းငုံထားပြီး မျက်နှာကို လွဲမသွားနဲ့လေ အဖူးအငုံ တစ်ခုထဲမှာ ကြာရှည်ပိတ်လှောင်ထားတဲ့ ရနံ့နဲ့ တူတဲ့အနမ်းတခုကို ကိုယ့်ကိုပေးပါလားကွယ် ။
ဘာမဟုတ်တဲ့ စကားလုံးတွေအောက်မှာ တန်ဖိုးရှိတဲ့ ဒီအချိန်လေးကို ပျောက်ဆုံးမသွားစေချင်ဘူးကွယ် ဒီအချိန်လေးဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုယ်နှလုံးသားကို တုန်လှူပ်စေပြီး ကြည်နူးမှူတွေနဲ့ ပြည့်နေတဲ့ ကိုယ်အတွေး တွေကို အေးချမ်းသာယာ လှပတဲ့ ကမ်းခြေတစ်ခုဆီကို သယ်ဆောင်သွားစေချင်တယ်။
လမ်းခွဲ
ကိုယ်သွားတော့မယ့်လို့ သူကို ကိုယ်ပြောတော့
သူက စကားတစ်ခွန်းတောင်ပြန်မပြောခဲ့ဖူး
ဒါပေမဲ့ သူ တုန်တုန်ယင်ယင် ဖြစ်နေပုံကိုကြည့်ပြီး
“ ဟင်အင်း...မသွားနဲ့ဦး ကိုယ်၇ယ် ” လို့
သူမျက်ဝန်း ထဲမှာပြောနေသယောင် ကိုယ်ထင်မိတယ်။
ကျွန်တော်သွားတော့မယ်ဆိုတော့ သူရဲ့တောင်းပန်တဲ့
ပျော့ပျောင်းသွယ်လျတဲ့ လက်တွေ ကိုယ်ကို လာထိတဲ့အခါမှာ
ဒီလက်တွေကနေ သူရင်ထဲကတောင်းပန်သံ တွေကို
ကြားးနေရတယ်လို့ ကိုယ် ထင်နေမိတယ်
ဒီအချိန်မှာ သူက “ မသွားပါနဲ့ ကိုယ်ရယ်”လို့
တစ်ခွန်းလောက်ပြောခဲ့၇င် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို
ပြင်မိမှာ အသေအချာပါပဲ ဒါပေမဲ့ သူမပြောခဲ့ဘူး
သူ့ ခေါ်သံကို ကိုယ်စောင့်နေပေမယ် သူမခေါ်ခဲ့ဘူး
ကိုယ် ၀မ်းနည်းကြေကွဲစွာနဲ့ ကျောခိုင်းထွတ်ခဲ့ ၇တယ်
ကိုယ် ကြေကွဲသလို သူလည်း ကြေကွဲ နေလိမ့်မယ် လို့...................
အချစ်ဦး
ကောင်မလေးရယ်
မင်းက ငါ့ရဲ့နှလုံးသားထဲကို
ငါသတိမထားမိတဲ့ အချိန်မှာ
တံခါးမခေါက်ပဲ ၀င်ရောက်ခဲ့သူပါ။
မင်းကို ငါသတိထားမိတဲအချိန်မှာ
မင်းပြန်ထွတ်သွားမှာကို
ရူးမတတ် ကြောက်ရွံ့ခံစားမိတယ်။
မင်းနဲ့ပက်သက်လာရင်
မျှော်လင့်ချက်တွေလည်း
သစ်ရွှတ်တွေလိုပဲ
တဖွဲဖွဲကြွေကျတတ်လွန်းတော့
လေပြည်လေညှင်း တိုက်ခတ်မှာကိုတောင်
ငါကြောက်ရွံ့နေမိတယ်။
မင်းနဲ့ပက်သက်ရင်ငါဟာ
“အချစ်ဦးမို့ မချစ်ဖူးလို့ ရူးတော့မယ်”
ကောင်မလေးရယ်။
မာယာမရှိတဲ့ အချစ်
အချစ်ရယ်
မင်းရဲ့ချစ်ခင်ချိုမြိန်စရာကောင်းတဲ့
အနှောင်အဖွဲ့တွေက
ကိုယ်ကိုလွတ်ပေးပါတော့ကွယ် ။
မူးယစ်ရီဝေစေတဲ့အနမးတွေလည်း
ထပ်မတိုက်ကျွေးပါနဲ့တော့ကွယ်
မင်းရဲ့ စွဲမက်အောင် ခြယ်သထားတဲ့
နံသာအခိုးအငွေ့တွေကလည်း
ကိုယ်နှလုံးသားကို မွန်းကျပ်စေခဲ့ပြီးကွယ်။
မင်းရဲ့မာယာနှောင်ကြိုးတွေကနေ
ကိုယ့်ကလွတ်ပေးပါတော့ကွယ်။
ကိုယ်ရဲ့ နှလုံးသားကို မင်းရဲ့မာယာတွေနဲ့ မထုံလွမ်းစေခြင်ဘူး။
မင်းကို မာယာတွေနဲ့ရစ်ပတ်ခြင်းမရှိတဲ့
ကိုယ်ရဲ့ ဖြူစင်တဲ့နှလုံးသား နဲ့ပဲ ချစ်ချင်ပါတယ်။
ကိုယ်ကို မင်းရဲ့ မာယာတွေကနေ
ကြေကွဲခြင်းရဲ့ဒိုင်ယာရီ
ငါ့ရဲ့ မလိမ်မိုး မလိမ်မာ အိမ်မက်တွ
ညတိုင်း မင်းမျက်နှာလေးကိုပဲ
ပြေးပြေးကြည့်နေခဲ့တယ် . . . . . .
ဆုံဆည်းခွင့်ရတဲ့ အဖြစ်ဟာ
တကယ်တော့ ဘာမှ မထူးဆန်းခဲ့ဘူး . . . . .
မထူးဆန်းတဲ့ မထူးဆန်းတာ ကိုပဲ
နှလုံးသားထဲ ငါ အကျဉ်းချထားခဲ့တယ် . . . . . .
ကံမကြုံလို့ မဆုံဆည်းခဲ့ ရရင်တောင်
မင်းရဲမျက်နှာလေးကို
တဘ၀စာသိမ်းထားဖို့ အတွက်
တခဏတာ ကြည့်ခွင့်လေးတော့
အခွင့်အရေး ပေးခဲ့ပါ။
သတိရတဲ့အခါ နှလုံးသားထဲက
မကြာခဏ ထုတ်ကြည့်ခွင့်ရချင်လို့ပါ။
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....